ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ စူပါမော်ဒယ် Bella Hadid နဲ့ အဆိုတော် The Weekend တို့ လမ်းခွဲလိုက်ကြပြီဆိုပြီး သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့အတွဲဟာ တစ်နှစ်ကြာ တွဲခုတ်ခဲ့ပြီး လမ်းခွဲခဲ့ကြကာ ၂၀၁၈ နွေရာသီကမှ ပြန်လည်တွဲခုတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ အကြိမ်ပေါင်းမြောက်မြားစွာ တွဲလိုက်၊ ပြတ်လိုက်နဲ့ နှစ်ဦးသားအချစ်ရေးဟာ သာယာဖြောင့်ဖြူးခဲ့ခြင်းမရှိပါဘူး။ အခုတစ်ကြိမ်မှာလည်း Eonline သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ နှစ်ဦးသား တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
နီးစပ်သူတစ်ဦးမှ သူတို့နှစ်ဦးသားဟာ အနုပညာလမ်းကြောင်းတွေပေါ် ကိုယ်စီလျှောက်လှမ်းရင်း တစ်ဦးနဲ့တစ်ဦး အချိန်မပေးနိုင်တော့အထိဖြစ်လာကာ အခုလို လမ်းခွဲဖို့အကြောင်းဖြစ်လာခဲ့ရတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ “ သူတို့နှစ်ဦးသားဟာ အခုချိန်မှာတော့ မတူညီတဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြပါပြီ။ Bella မှာ သူ့ရဲ့ဖက်ရှင်ရှိုးပွဲအတွက် အလုပ်များနေပြီး Abel မှာလည်း သူ့ရဲ့သီချင်းအသစ်တွေနဲ့ ရှုပ်ထွေးလျက်ရှိနေပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အဆိုပါအချက်အလက်တွေကို ထောက်ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာတော့ ကိုယ်စီအလုပ်အကိုင်တွေနဲ့ ရှုပ်ထွေးနေကြပြီး တစ်ဦးနဲ့တစ်ဦး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်ကို မဖန်တီးနိုင်ကြခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နှစ်ဦးသား တရားဝင်လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလဟာလတွေအပေါ် အတည်ပြုကောက်ချက်ချလို့ မရနိုင်သေးပါဘူး။
Source ~ Teenvogue
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share