HomeTechအိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးကိုအလိုရှိနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး။

အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးကိုအလိုရှိနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး။

- Advertisement -

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်တဲ့ Amazon ပိုင်ရှင် Jeff Bezos ဟာ အိန္ဒိယနိုင်ငံရဲ့ များပြားလာတဲ့ လက်လီ / လက်ကား အရောင်းဆိုင်တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီး အကူအညီကို လိုအပ်နေပါတယ်။

The Economic Times နဲ့ Reuters သတင်းဌာနတို့မှ Amazon ပိုင်ရှင် Jeff Bezos ဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး Retail စျေးကွက်ကို ပိုင်ဆိုုင်ထားတဲ့ သူဌေးကြီး Mukesh Ambani ရဲ့ Reliance Retail ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါ ပြည်တွင်းသတင်းဌာနကြီးနှစ်ခုက အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးဖြစ်တဲ့ Amazon မှ သူဌေးကြီး Mukesh Ambani ကုမ္ပဏီရဲ့ ရှယ်ယာ ၂၆ ရာခိုင်နှုန်းအထိ ဝယ်ယူဖို့ စိတ်အားထက်သန်နေတယ်ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြနေတဲ့ အကြောင်းအရာတွေရော၊ လက်တလောပျံ့နှံ့နေတဲ့ ကောလဟာလတွေကိုပါ ပြန်လည်တုံ့ပြန်ဖြေရှင်းသွားမှာ မဟုတ်ပါဘူး။ အားလုံးသိပြီးကြတဲ့အတိုင်းပဲ ကျွန်တော်တို့ကုမ္ပဏီကြီးက ဒီ့ထက်မက ကြီးပွားတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် . . . ” ဆိုပြီး Reliance Retail မှ တာဝန်ရှိသူတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထိုသူကပဲ “ ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီကြီး အကောင်းဆုံးလည်ပတ်နိုင်ဖို့အတွက် လုပ်နိုင်တဲ့ကိစ္စရပ်မှန်သမျှကို တာဝန်သိတတ်မှုအပြည့်နဲ့ လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ် . . . ” ဆိုပြီး ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယမှာရှိတဲ့ Amazon ကုမ္ပဏီမှ တာဝန်ရှိသူကတော့ အဆိုပါကောလဟာလတွေနဲ့ပက်သက်ပြီး ငြင်းဆိုခဲ့ပါတယ်။ Reliance Retail ကုမ္ပဏီမှာ စမတ်ဖုန်းတွေမှစတင်ကာ လူသုံးကုန်ပစ္စည်းအစုံအလင်ကို စတိုးဆိုင်ပေါင်း (၁၁၀၀၀) ကျော်ဖွင့်၍ အိန္ဒိိယနိုင်ငံတစ်ဝှမ်း ရောင်းချလျက်ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ တကယ်လို့သာ Reliance Retail ကုမ္ပဏီကြီးက Amazon ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုကိုသာ လက်ခံခဲ့မယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့ Retail စျေးကွက်အတွက် အခွင့်အလမ်းကောင်းတွေ အမြောက်အမြား ထွက်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

အိႏၵိယႏိုင္ငံရဲ႕ အခ်မ္းသာဆုံးသူေဌးႀကီးကိုအလိုရွိေနတ့ဲ ကမာၻ႕အခ်မ္းသာဆုံးသူေဌးႀကီး။

ကမာၻ႕အခ်မ္းသာဆုံးသူေဌးႀကီးျဖစ္တ့ဲ Amazon ပိုင္ရွင္ Jeff Bezos ဟာ အိႏၵိယႏိုင္ငံရဲ႕ မ်ားျပားလာတ့ဲ လက္လီ / လက္ကား အေရာင္းဆိုင္ေတြမွာ ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံဖို႕အတြက္ အိႏၵိယႏိုင္ငံရဲ႕ အခ်မ္းသာဆုံးသူေဌးႀကီး အကူအညီကို လိုအပ္ေနပါတယ္။

The Economic Times နဲ႕ Reuters သတင္းဌာနတို႕မွ Amazon ပိုင္ရွင္ Jeff Bezos ဟာ အိႏၵိယႏိုင္ငံရဲ႕ အႀကီးဆုံး Retail ေစ်းကြက္ကို ပိုင္ဆုိုင္ထားတ့ဲ သူေဌးႀကီး Mukesh Ambani ရဲ႕ Reliance Retail ကုမၸဏီမွာ ရင္းႏွီးျမွဳပ္ႏွံဖို႕ စိတ္ဝင္စားေနတယ္ဆိုတ့ဲအေၾကာင္း ေရးသားေဖာ္ျပခ့ဲပါတယ္။ အဆိုပါ ျပည္တြင္းသတင္းဌာနႀကီးႏွစ္ခုက အေမရိကန္ထိပ္တန္းကုမၸဏီႀကီးျဖစ္တ့ဲ Amazon မွ သူေဌးႀကီး Mukesh Ambani ကုမၸဏီရဲ႕ ရွယ္ယာ ၂၆ ရာခိုင္ႏႈန္းအထိ ဝယ္ယူဖို႕ စိတ္အားထက္သန္ေနတယ္ဆုိၿပီး  ေရးသားေဖာ္ျပခ့ဲပါတယ္။

“ ကၽြန္ေတာ္တို႕အေနနဲ႕ သတင္းမီဒီယာေတြမွာေဖာ္ျပေနတ့ဲ အေၾကာင္းအရာေတြေရာ၊ လက္တေလာပ်ံ႕ႏွံ႕ေနတ့ဲ ေကာလဟာလေတြကိုပါ ျပန္လည္တုံ႕ျပန္ေျဖရွင္းသြားမွာ မဟုတ္ပါဘူး။ အားလုံးသိၿပီးၾကတ့ဲအတိုင္းပဲ ကၽြန္ေတာ္တို႕ကုမၸဏီႀကီးက ဒီ့ထက္မက ႀကီးပြားတိုးတက္ဖို႕ လုပ္ေဆာင္ေနတ့ဲ ကုမၸဏီတစ္ခုပဲျဖစ္ပါတယ္ . . .  ” ဆိုၿပီး Reliance Retail မွ တာဝန္ရွိသူတစ္ဦးက CNN သတင္းဌာနသို႕ ေျပာၾကားခ့ဲပါတယ္။ ဆက္လက္ၿပီး ထိုသူကပဲ “ ကၽြန္ေတာ္တို႕အေနနဲ႕ ကုမၸဏီႀကီး အေကာင္းဆုံးလည္ပတ္ႏိုင္ဖို႕အတြက္ လုပ္ႏိုင္တ့ဲကိစၥရပ္မွန္သမွ်ကို တာဝန္သိတတ္မႈအျပည့္နဲ႕ လုပ္ေဆာင္သြားမွာပဲျဖစ္ပါတယ္ . . . ” ဆိုၿပီး ျဖည့္စြက္ေျပာဆိုခ့ဲပါတယ္။

အိႏိၵယမွာရွိတ့ဲ Amazon ကုမၸဏီမွ တာဝန္ရွိသူကေတာ့ အဆိုပါေကာလဟာလေတြနဲ႕ပက္သက္ၿပီး  ျငင္းဆိုခ့ဲပါတယ္။ Reliance Retail ကုမၸဏီမွာ စမတ္ဖုန္းေတြမွစတင္ကာ လူသုံးကုန္ပစၥည္းအစုံအလင္ကို စတိုးဆိုင္ေပါင္း (၁၁၀၀၀) ေက်ာ္ဖြင့္၍ အိႏိၵိယႏိုင္ငံတစ္ဝွမ္း ေရာင္းခ်လ်က္ရွိတ့ဲ ကုမၸဏီႀကီးတစ္ခုလည္းျဖစ္ပါတယ္။ တကယ္လို႕သာ Reliance Retail ကုမၸဏီႀကီးက Amazon ကုမၸဏီရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈကိုသာ လက္ခံခ့ဲမယ္ဆိုရင္ အိႏၵိယႏိုင္ငံရဲ႕ Retail ေစ်းကြက္အတြက္ အခြင့္အလမ္းေကာင္းေတြ အေျမာက္အျမား ထြက္ေပၚလာႏိုင္ဖြယ္ရွိပါတယ္။

<Zawgyi Version>

 

Source ~ CNN

- Advertisement -

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 − four =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...