HomeSportစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ Harry Maguire ကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက်အသင်း။

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ Harry Maguire ကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက်အသင်း။

- Advertisement -

ယူနိုက်တက်အသင်းမှ အင်္ဂလန်ဗဟိုခံစစ်သမား Harry Maguire ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် လက်စတာစီးတီးအသင်းမှ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်ခံစစ်သမားကို ၆ နှစ်စာချုပ်ဖြင့် အိုးထရက်ဖို့ဒ်သို့ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး လီဗာပူးအသင်းက Van Dijk ကို Southampton အသင်းမှ ခေါ်ယူခဲ့တဲ့ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားခဲ့ပါတယ်။

“ တကယ်လို့ ယူနိုက်တက်အသင်းက သင့်အိမ်ရှေ့တံခါးကို လာခေါက်တယ်ဆိုရင်တော့ ဒါဟာသင့်အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ် . . . ” ဆိုပြီး Harry Maguire မှ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေအကြား Maguire ရဲ့ အပြောင်းအရွှေ့ဟာ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဈေးအများဆုံး အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပြီး ပထမကတော့ အသင်းဖော် Paul Pogba ရဲ့ ပေါင်သန်း ၈၉သန်းတန် ပြောင်းရွှေ့ကြေးပဲဖြစ်ပါတယ်။ ထို့အပြင် Maguire ဟာ ဒုတိယမြောက်  ဈေးအကြီးဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာကာ ပထမမှာ ဂါရက်ဘေးလ်ပဲဖြစ်ပါတယ်။ ဂါရက်ဘေးလ်မှာ ၂၀၁၃ ခုနှစ်က ပေါင် ၈၅ သန်းဖြင့် တော့တင်ဟမ်ဟော့စပါးအသင်းမှ ရီးရဲမက်ဒရစ်အသင်းသို့  ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။

Maguire ဟာဆိုရင် ယူနိုက်တက်အသင်းနည်းပြ အိုလေးရဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူခဲ့သော (၃) ယောက်မြောက် ကစားသမားလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းနည်းပြကြီး အိုလေးအနေနဲ့ ညာနောက်ခံလူ Aaron Wan – Bissaka ကို ခရစ်စတယ်ပဲလစ်အသင်းကနေ ပေါင်သန်း (၅၀) ၊ တောင်ပံကစားသမား Daniel James ကို ဆွမ်ဆီးအသင်းကနေ ပေါင် (၁၅) သန်းအသီးသီးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven − five =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...