HomeEntertainmentလက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်တဲ့ Cara Delevingne တို့စုံတွဲ။

လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်တဲ့ Cara Delevingne တို့စုံတွဲ။

- Advertisement -

Suicide Squad ထဲမှ Enchantress အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Cara Delevingne ကို ပရိသတ်တွေ မှတ်မိဦးမယ်ထင်ပါတယ်။ The Sun သတင်းစာရဲ့ ထုတ်ပြန်ကြေငြာချက်အရ လိင်တူစုံတွဲတစ်တွဲဖြစ်တဲ့ Cara Delevingne နဲ့ Ashley Benson တို့စုံတွဲဟာ ဒီနှစ်အစောပိုင်းတုန်းက Las Vegas ရှိ Elvis မင်္ဂလာဆောင်ခန်းမမှာ တိတ်တဆိတ်မင်္ဂလာဆောင်ခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ နီးစပ်တဲ့ အတွင်းလူတစ်ဦးမှလည်း အတည်ပြုပြောကြားခဲ့ပြီး အနုပညာစုံတွဲတွေဖြစ်ကြတဲ့ Cara နဲ့ Ashley တို့ဟာ ပန်းရောင် Cadillac ဇိမ်ခံကားထဲမှာ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။

Elvis ရဲ့ ပိုင်ရှင်ဖြစ်သူ Michael Kelly မှလည်း “ သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သိရှိနားလည်ပြီးနောက်ပိုင်း သူတို့ပြုလုပ်သင့်တဲ့ ကိစ္စရပ်ကို  ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးအတွက် အကောင်းဆုံးလမ်းကို ရွေးချယ်ခဲ့တာပဲဖြစ်ပြီး နှစ်ယောက်လုံးရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုအပြည့်နဲ့ အပြုံးလေးတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်  . . . ” ဆိုပြီး The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ Charlize Theron ၊ Joe Jonas နဲ့ Sophie Turner တို့မှ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။ Cara နဲ့ Ashley တို့ဟာ တစ်နှစ်ကျော်ကြာ တိတ်တဆိတ်တွဲခုတ်လာခဲ့ကြပြီး ယခုလိုမျိုး တိတ်တဆိတ် လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲခုတ်နေကြတာကို ပြီးခဲ့တဲ့ ဇွန်လကမှ အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် ဗီဒီယိုတစ်ခုတင်ကာ ပရိသတ်တွေကို အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

 

- Advertisement -

 

Source ~ Marieclaire

- Advertisement -

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

15 + 19 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...