HomeEntertainmentLoki ဇာတ်ရုပ်အဖြစ် ထပ်မံမြင်တွေ့ရဖွယ်ရှိတဲ့ Tom Hiddlestone

Loki ဇာတ်ရုပ်အဖြစ် ထပ်မံမြင်တွေ့ရဖွယ်ရှိတဲ့ Tom Hiddlestone

- Advertisement -

Tom Hiddlestone မှ Loki အဖြစ် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြီးခဲ့တဲ့အရက်အချို့က ပရိသတ်တွေကို အသိပေးပြောကြားခဲ့ပါတယ်။

Entertainment Weekly သတင်းဌာနနဲ့ အင်တာဗျူးမှာ Tom က Disney ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ပူးပေါင်းရိုက်ကူးမယ့် Marvel ရဲ့ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Loki အကြောင်း စီးရီးအဖြစ် ပြန်လည် ရိုက်ကူးဖို့ အလွန်ပဲ စိတ်လှုပ်ရှားလျက်ရှိပြီး Loki အဖြစ် ထပ်မံသရုပ်ဆောင်ဖို့အတွက်ကိုလည်း အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေထံ အသိပေးပြောကြားခဲ့ပါတယ်။ Loki Series ကိုလည်း ၂၀၂၁ နှစ်စပိုင်းလောက်မှာ စတင်ထုတ်လွှင့်ပြသနိုင်ဖို့ ရည်မှန်းထားကြောင်းကိုလည်း အရိပ်အမြွက်  ပြောကြားခဲ့ပါတယ်။

“ အခုလို Loki ဇာတ်ကောင်ကို စီးရီးအဖြစ်ပြန်လည်ရိုက်ကူးမယ်ဆိုတာ အလွန်ပဲ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Loki ဇာတ်ရုပ်အကြောင်းကို အသေးစိတ်သိရှိလာရတော့မှာပဲဖြစ်ပါတယ်။ ကျွန်တော့်မှာသာ ဒီထက်ပိုပြောပြလို့ ရနိုင်တဲ့  အခွင့်အရေးရှိမယ်ဆိုရင် ဒီ ဇာတ်လမ်းတွဲအကြောင်းကို ပိုပြောပြပေးမှာပါ . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ “ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် Loki ဟာ Hulk ရဲ့ ထုထောင်းရိုက်နှက်ခြင်းကို ခံရပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုကို အကြီးအကျယ်ခံစားနေခဲ့ရပါတယ် . . . ” ဆိုပြီး Marvel Comic Con Panel မှာ ပြောကြားခဲ့ပါတယ်။

Loki ဇာတ်လမ်းတွဲကိုလည်း ၂၀၂၁ ခုနှစ်ရဲ့ ဆောင်းဦးကာလမှာ စတင်ထုတ်လွှင့်ပြသနိုင်လိမ့်မယ်လို့ သိရှိရပါတယ်။

- Advertisement -

 

Source ~ Entertainment Weekly

- Advertisement -

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 − five =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...