HomeEntertainmentသီချင်းဗီဒီယိုအသစ်ထွက်ရှိလာတဲ့ Ariana Grande

သီချင်းဗီဒီယိုအသစ်ထွက်ရှိလာတဲ့ Ariana Grande

- Advertisement -

ပေါ့ပ်အဆိုတော်ချောလေး Ariana Grande မှ သူမရဲ့ သီချင်းအသစ်ဖြစ်တဲ့ “ Boyfriend ” ဆိုတဲ့သီချင်းကို ပရိသတ်တွေထံချပြခဲ့ပါတယ်။ အခုသီချင်းဟာဆိုရင် Ariana ရဲ့ “ Break Up With Your Girlfriend, I’m Bored ” ဆိုတဲ့သီချင်းအပြီး အသစ်ထွက်ရှိလာတဲ့ သီချင်းပဲဖြစ်ပါတယ်။

ပရိသတ်တွေ ထင်ကြေးပေးကြတာကတော့ Ariana မှ Taylor Swift နဲ့ ပူးပေါင်းပြီး သီချင်းအသစ်ထွက်ရှိလာမယ်လို့ ခန့်မှန်းထားကြသော်လည်း တကယ်တမ်းတော့ The Social House အဖွဲ့နဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ Taylor Swift အနေနဲ့လည်း မကြာသေးခင် ရက်ပိုင်းအချို့ကမှ “ The Archer ” ဆိုတဲ့ သီချင်းအသစ်ကို ထွက်ရှိထားတာပဲဖြစ်ပါတယ်။

Ariana မှ “ Thank U, Next ” ဆိုတဲ့ အယ်လ်ဘမ်ထွက်ရှိပြီး ခြောက်လအကြာမှာ သီချင်းအသစ် ပြန်လည်ထွက်ရှိလာတာပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းအသစ်အပေါ် ဘယ်လိုခံစားချက်မျိုးနဲ့ ဖန်တီးထားလဲဆိုတဲ့ မေးခွန်းအပေါ် “ ကျွန်မသိတဲ့ လူအများကြီးရဲ့ တူညီတဲ့အကြောင်းအရင်းပေါ်မှာ ခံစားပြီး ဒီသီချင်းကို ပြုလုပ်ဖို့ အကြောင်းဖန်လာတာပဲဖြစ်ပါတယ်။ လူတွေက အချစ်ကို ခံစားချင်ကြပေမယ့် သူတို့ရဲ့ Relationship ကိုတော့ အတိအကျ သတ်မှတ်ထားခြင်းမျိုးမရှိပါဘူး။ သူတို့ရဲ့ Relationship နဲ့ပက်သက်ပြီး တစ်စုံတစ်ယောက်ရဲ့ ဒုက္ခပေးမှုမျိုးတွေ၊ အချင်းချင်းယုံကြည်မှုမရှိတာတွေ စတဲ့ခံစားချက်မျိုးတွေ ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်. . . ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

- Advertisement -

 

Source ~ Entertainment Weekly

- Advertisement -

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 12 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...