HomeEntertainmentစံချိန်တင်ဝင်ငွေရရှိခဲ့တဲ့ Lion King ဇာတ်ကား။

စံချိန်တင်ဝင်ငွေရရှိခဲ့တဲ့ Lion King ဇာတ်ကား။

- Advertisement -

Disney ကုမ္ပဏီမှ ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ Lion King ဇာတ်ကားဟာဆိုရင် ရုံတင်ပြသပြီး ၃ ပတ်အကြာမှာ တစ်ကမ္ဘာလုံးမှရရှိတဲ့ ဝင်ငွေဒေါ်လာ ၁ ဘီလျံကျော်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Deadline Magazine မှ ထုတ်ပြန်ကြေငြာချက်အရ ၁၉၉၄ ခုနှစ်က Lion King Animation ဇာတ်ကားကို  ဒါရိုက်တာ Jon Favreau မှ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားဟာဆိုရင် စတင်ပြသခဲ့ချိန်မှစ၍ ပြည်တွင်း၌ ဒေါ်လာ ၃၆၁ မီလီယမ်ကျော်ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ ဒေါ်လာ ၆၃၉ သန်းကျော်ဝင်ငွေရရှိခဲ့ပါတယ်။ Lion King ဇာတ်ကားဟာ ၂၀၁၉ ခုနှစ်အတွင်း Disney ကုမ္ပဏီက ရိုက်ကူးခဲ့တဲ့ ဝင်ငွေဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့တဲ့ စတုတ္ထမြောက် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

Box Office Mojo ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Original Lion King ဇာတ်ကားဟာလည်း တစ်ကမ္ဘာလုံးပြသပြီးချိန်၌ ဒေါ်လာ ၉၆၈ သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ Donald Glover ၊ Seth Rogen ၊ Beyonce ၊ Alfre Woodard နဲ့ Billy Eichner တို့မှ အသံသရုပ်ဆောင်အဖြစ် အဓိကအားဖြည့်ရိုက်ကူးထားတဲ့ Lion King ဇာတ်ကားဟာ ရုံတင်ပြသပြီးတဲ့ ပထမဦးဆုံးအပတ်မှာတင် စံချိန်ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

Source ~ PEOPLE Magazine

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven + twelve =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...