HomeEntertainmentအချိန်အတော်ကြာ တင်နေတဲ့ စံချိန်တစ်ခုကို ချိုးဖျက်လိုက်တဲ့ Lil Nas X ရဲ့ Old Town Road သီချင်း။

အချိန်အတော်ကြာ တင်နေတဲ့ စံချိန်တစ်ခုကို ချိုးဖျက်လိုက်တဲ့ Lil Nas X ရဲ့ Old Town Road သီချင်း။

- Advertisement -

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် စံချိန်တစ်ခုတင်ခဲ့တဲ့ Mariah Carey နဲ့ Boyz II Men’s တို့ရဲ့ “ Sweet Day ” သီချင်းကို ရက်ပ်ပါ Lil Nas X ရဲ့ “ Old Town Road ” က ချိုးဖျက်လိုက်ပြီပဲဖြစ်ပါတယ်။

ပေါ့ပ်သီချင်းသမိုင်းတစ်လျှောက် အချိန်အတော်ကြာရပ်တည်နိုင်ခဲ့တဲ့ စံချိန်တစ်ခုကို Lil Nas X က သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Billboard Top 100 သီချင်းစာရင်းထဲမှာ Lil Nas X ရဲ့ Old Town Road က ၁၇ ပတ်ကြာအောင်ရပ်တည်နိုင်ခဲ့ပါတယ်။ Mariah Carey နဲ့ Boyz II Men’s တို့ရဲ့ Sweet Day က ရက်သတ္တပတ် ၁၆ ပတ်အထိသာ ရပ်တည်နိုင်ခဲ့တဲ့အတွက်ကြောင့် Old Town Road က အခုလို စံချိန်ချိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -

၁၉၉၆ ခုနှစ်ကတည်း တင်နေခဲ့တဲ့စံချိန်တစ်ခုကို ၂၀၁၉ ခုနှစ်မှာ ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

- Advertisement -

“ Old Town Road သီချင်းက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။ အချိန်အနည်းငယ် အတောအတွင်း ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေအပေါ် ရှုမြင်တဲ့အမြင်ပုံစံတွေ ပြောင်းလဲလာခဲ့တယ်။ အခုလိုမျိုး အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ ပရိသတ်တွေအားလုံးကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်ဗျာ . . . ” ဆိုပြီး Lil Nas X မှ ကျေးဇူးတင်စကား  ပြောကြားခဲ့ပါတယ်။

 

Source ~ Buzzfeed

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read