HomeEntertainment“ Hobbs & Shaw ” ဇာတ်လမ်းထဲမှ Roman Reigns ရဲ့ ဗီဒီယိုဖိုင်ကို ဝေမျှခဲ့တဲ့ The...

“ Hobbs & Shaw ” ဇာတ်လမ်းထဲမှ Roman Reigns ရဲ့ ဗီဒီယိုဖိုင်ကို ဝေမျှခဲ့တဲ့ The Rock

- Advertisement -

Fast & Furious မှ တင်ဆက်တဲ့ “ Hobbs & Shaw ” ဇာတ်ကားဟာ ရက်သတ္တပတ်အနည်းငယ်ဆိုရင် ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်အချို့က The Scorpion King စတား The Rock မှ “ Hobbs & Shaw ” ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်ကဗီဒီယိုဖိုင်ကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပြီး အက်ရှင်ဇာတ်ကြမ်းကားတစ်ကား ရိုက်ကူးတဲ့နေရာမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အကြောင်းကို  ဖော်ပြခဲ့ပါတယ်။

https://www.instagram.com/p/B0ex3RFl3XF/?utm_source=ig_embed&utm_campaign=embed_video_watch_again

- Advertisement -

“ Hobbs & Shaw ” ဇာတ်ကားဟာဆိုရင် WWE စတားဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ Roman Reigns မှ ပထမဦးဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ The Rock မှ သူနဲ့ Roman တို့နှစ်ဦး တိုက်ခိုက်နေတဲ့ပုံစံမျိုး ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုတစ်ခုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ကာ “ ဒီအခန်းဟာဆိုရင် ကျွန်တော်တို့နှစ်ယောက် တိုက်ခိုက်နေတာကို  လေ့ကျင့်နေတဲ့အခန်းပဲဖြစ်ပါတယ် . . . ” ဆိုပြီး The Rock မှ ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်လည်း Roman တစ်ယောက် သံချောင်းကြီးကိုင်ရင်း တိုက်ခိုက်တဲ့အခန်းကို လေ့ကျင့်နေရာကနေ မတော်တဆ Camera Man ကို ထိခိုက်မိခဲ့ပါတယ်။ “ သံချောင်းကြီးနဲ့ ပစ်ပေါက်ဖို့ ဟန်ဆောင်ရင်းနဲ့ ရုတ်တရက် အသံတစ်ခုကြားလိုက်ရပြီး လှည့်ကြည့်လိုက်တော့ Roman လက်ထဲက ပစ်ပေါက်လိုက်တဲ့ သံချောင်းကြောင့် Camera Man ခမျာ မှောက်လျက်သားလေးဖြစ်နေရပါတယ် . . . ” ဆိုပြီး The Rock မှ ရယ်မောလျက်  ပြောကြားခဲ့ပါတယ်။

 

- Advertisement -

Source ~ Buzzfeed

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen + 18 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...