HomeHealth & Beautyနားမကြားခြင်းဝေဒနာကို 3D နည်းပညာအသုံးပြုပြီး ပထမဦးဆုံးအကြိမ် ကုသပေးနိုင်ခဲ့တဲ့ အာဖရိကဆရာဝန်။

နားမကြားခြင်းဝေဒနာကို 3D နည်းပညာအသုံးပြုပြီး ပထမဦးဆုံးအကြိမ် ကုသပေးနိုင်ခဲ့တဲ့ အာဖရိကဆရာဝန်။

- Advertisement -

တောင်အာဖရိကခွဲစိတ်ဆရာဝန်တွေဟာ 3D နည်းပညာကို အသုံးပြုပြီး ဆေးပညာသမိုင်းတစ်လျှောက် အောင်မြင်မှုတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ နားမကြားတဲ့ဝေဒနာကို ပထမဦးဆုံးအကြိမ်အဖြစ် ကုသပေးနိုင်ခဲ့ပါတယ်။

The Citizens သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးဟာ မတော်တဆမှုတစ်ခုကြုံပြီးနောက် နားအလယ်ပိုင်း ထိခိုက်ခဲ့ရကာ နားမကြားတဲ့ဝေဒနာကို ခံစားခဲ့ရသဖြင့် ထိုအမျိုးသားကို ပြန်လည်ကောင်းမွန်လာဖို့အတွက် Steve Biko Academic ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ပရီတိုးရီးယားတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ Mashudu Tshifularo နဲ့ သူ့ရဲ့အဖွဲ့မှ 3D နည်းပညာကို အသုံးပြုပြီး နားအလယ်ရိုးလေးတွေကို ဖန်တီးပြုလုပ်ခဲ့ကာ အစားထိုးခွဲစိတ်ကုသခဲ့ခြင်း ဖြစ်ပါတယ်။

- Advertisement -

- Advertisement -

အဆိုပါနားရွက်အစားထိုးခွဲစိတ်ကုသမှုတွင် ခွဲစိတ်ခန်းသုံး အကူပစ္စည်းတွေဖြစ်တဲ့ hammer ၊ anvil ၊ stirrup နဲ့ ossicles တို့အသုံးပြုပြီး ခန္ဓာကိုယ်ထဲမှာ အသေးဆုံးအရိုးနုလေးလို့ပြောလို့ရတဲ့ နားအလယ်ရှိ အရိုးနုလေးကို 3D နည်းပညာနဲ့ အထူးဖန်တီးထားတဲ့ Titanium သတ္တုလေးနဲ့ အစားထိုး ခွဲစိတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါက်တာ Tshifularo ဦးဆောင်တဲ့ အသင်းအဖွဲ့ဟာ အချိန်တစ်နာရီခွဲကြာ ခွဲစိတ်ကုသအပြီး အဆိုပါခွဲစိတ်မှုကြီးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read