Game of Thrones ကြယ်ပွင့်တွေဖြစ်ကြတဲ့ Jason Momoa နဲ့ Emilia Clarke တို့ဟာ ဒီတစ်ပတ်ပိတ်ရက်တုန်းက တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ဓာတ်ပုံတွေဟာလည်း ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။
Emilia မှာ Jason ရဲ့ အသက် ၄၀ နှစ်ပြည့်မွေးနေ့ကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေရိုက်ပေးခဲ့တဲ့ Jason နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့ အင်စတာဂရမ်မှာအကောင့်မှာ တင်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့အပြင် Emilia မှာ The Mountain လို လူအကြီးကြီးတစ်ယောက် ဝင်ဆံ့တဲ့ အလွန်ကြီးမားတဲ့ ရေချိုးကန်ထဲမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
“ ရှင်နဲ့ယှဉ်လိုက်ရင် ကျွန်မက ၂ ပေ လောက် သေးငယ်သွားတယ်။ Happy Birthday ပါ Jason ရေ။ ဒီနှစ်မွေးနေ့မှာလည်း ရေချိုးကန်ကြီးကဲ့သို့ပဲ ပျော်စရာတွေအမြောက်အမြား ပိုင်ဆိုင်ရပါစေ . . . ” ဆိုပြီး အစချီကာ Caption ရေးသား၍ Jason နဲ့တွဲရိုက်ထားတဲ့ပုံကို တင်ခဲ့ခြင်းဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ Game of Thrones ဇာတ်ကား စတင်ရိုက်ကူးချိန်ကတည်းက သိကျွမ်းခဲ့ကြပါတယ်။ Jason အနေနဲ့ Season 1 ရဲ့ ဇာတ်ဝင်ခန်းအနည်းငယ်သာ ပါဝင်ခဲ့ရပေမယ့် ထိုအချိန်ကတည်းကစကာ သူတို့နှစ်ဦးဟာ အခင်ဆုံးသူငယ်ချင်းတွေအဖြစ် ရှိခဲ့ကြပြီး ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ဓာတ်ပုံတွေ အပြန်အလှန် တင်ခဲ့ကြပါတယ်။
Source ~ LAD Bible
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share