ပေါ့ပ်အဆိုတော်ချောလေး Taylor Swift မှ သူမရဲ့ ခုနစ်ခုမြောက်အယ်လ်ဘမ် “ Lover ” ထဲမှ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ “ Archer ” ကို ပရိသတ်တွေထံ ချပြခဲ့ပြီး အံ့အားသင့်အောင် ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့အပတ်ကမှ သူမရဲ့ အိပ်မက်ဟာ ကြောင်တစ်ကောင်ဖြစ်ချင်တယ်ဆိုပြီး ထုတ်ဖော်ပြောကြားလာတဲ့ အဆိုတော်လည်းဖြစ်သလို တေးရေးဆရာလည်းဖြစ်တဲ့ Taylor Swift မှ ဇူလိုင် ၂၃ ရက်နေ့က သူမရဲ့ အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် သီးချင်းအသစ်ထွက်ရှိမယ်ဆိုတဲ့အကြောင်းကို Live လွှင့်ပြီး ကြေငြာခဲ့ပါတယ်။ ထို့အပြင် Taylor မှ သူမအယ်လ်ဘမ်နဲ့ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေကို Target သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
အခုထွက်ရှိလာတဲ့ “ Archer ” ဆိုတဲ့သီချင်းကို Taylor ကိုယ်တိုင် ရေးဖွဲ့ထားခြင်းဖြစ်ပြီး သူမရဲ့ ရန်သူတွေ၊ မိတ်ဆွေတွေနဲ့ ပက်သက်ပြီး သူမအနေနဲ့ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ဆက်စပ်ရေးစပ်ထားတာကို တွေ့ရှိရမှာပါ။ Taylor Swift ရဲ့ သီချင်းတိုင်းလိုလိုဟာလည်း သူမဘဝနဲ့ ဆက်စပ်ပြီး ရေးစပ်ထားတယ်ဆိုတာ ပရိသတ်တွေအနေနဲ့ သိရှိပြီးသားဖြစ်မှာပါ။ ဆက်လက်ပြီး အသစ်ထွက်ရှိလာတဲ့ Taylor Swift ရဲ့ သီချင်းအသစ်လေးကို နားဆင်ခံစားပေးပါဦးနော် . . .
Source ~ TeenVogue
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share