HomeSportလက်ရှိနွေရာသီအပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းရဲ့ လတ်တလောလှုပ်ရှားမှုများ။

လက်ရှိနွေရာသီအပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းရဲ့ လတ်တလောလှုပ်ရှားမှုများ။

- Advertisement -

လက်ရှိနွေရာသီအပြောင်းအရွှေ့၌ ဒန်နီယဲယ်ဂျိမ်းစ်၊ ဝမ်ဘစ်ဆာကာတို့ကို ခေါ်ယူခဲ့ပြီးဖြစ်သည့် ယူနိုက်တက်အသင်းသည် ဗဟိုနောက်ခံလူတစ်ယောက်၊ ကွင်းလယ်ကစားသမားတစ်ယောက်တို့ကို ဆက်လက်ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းအနေနဲ့ အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ဂိုးသမားဒီဂီယာကိုလည်း ကာလရှည်စာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒီဂီယာအနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များအပြီး၌ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်ပြီး လစာအများဆုံးဂိုးသမားတစ်ဦးဖြစ်လာဖွယ်ရှိနေပါတယ်။

အင်တာမီလန်အသင်းသည်လည်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးလူကာကူကို အပြီးသတ် ခေါ်ယူနိုင်ရန်အတွက် အရှိန်မြှင့်အားထုတ်လာပြီး မကြာခင်သဘောတူညီမှု ရရှိနိုင်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာအနေနဲ့ အသင်းကထွက်ခွာရန်ဆန္ဒရှိနေကြောင်း  ပြောကြားထားပေမယ့် လက်ရှိအချိန်အထိ ပေါ့ဘာအတွက် တရားဝင်ကမ်းလှမ်းမှုများ မရရှိခြင်းကြောင့် အသင်း၌သာဆက်လက်ရှိနေရန် ရာခိုင်နှုန်းများပြားနေပြီဖြစ်ပါတယ်။ ပေါ့ဘာကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည့် ရီးရဲယ်မက်ဒရစ်အသင်းကလည်း  ပေါ့ဘာကို ခေါ်ယူရန်ထက် အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ စီဘယ်လို့စ်ကိုသာ အသင်းမှာဆက်လက်ထိန်းသိမ်းထားရန် ပြင်ဆင်နေကြောင်း သတင်းများကဖော်ပြလျက်ရှိပါတယ်။

ဒါ့အပြင်ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ကွင်းလယ်ကိုအင်အားဖြည့်တင်းရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀) နဲ့ တရားဝင်ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် လက်စတာအသင်းရဲ့  နောက်ခံလူ မက်ဂွိုင်းရားကို ခေါ်ယူရန်အတွက်လည်း ယူနိုက်တက်အသင်းက  ဆွေးနွေးမှုများပြုလုပ်နေဆဲဖြစ်ပြီး လက်စတာအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) မှ ပေါင်သန်း (၉၀) အကြား အလိုရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 + twenty =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...