HomeEntertainmentကမ္ဘာကျော် ပေါ့ပ်အဆိုတော်များကို ဆော်ဒီအာရေဗျနိုင်ငံက လက်ခံဖျော်ဖြေခွင့်ပြုခဲ့သည့်အကြောင်းရင်း။

ကမ္ဘာကျော် ပေါ့ပ်အဆိုတော်များကို ဆော်ဒီအာရေဗျနိုင်ငံက လက်ခံဖျော်ဖြေခွင့်ပြုခဲ့သည့်အကြောင်းရင်း။

- Advertisement -

ဆော်ဒီအာရေဗျနိုင်ငံသည် ဘာသာရေးအားဖြင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲများနဲ့ အံဝင်ခွင်ကျဖြစ်သည့် နိုင်ငံမဟုတ်သည့်တိုင်အောင် ကမ္ဘာကျော် ပေါ့ပ်အဆိုတော်များ လာရောက်ဖျော်ဖြေမှုနှုန်းက မြင့်တက်လျက်ရှိနေဆဲလည်းဖြစ်ပါတယ်။ လက်ရှိအချိန်၌လည်း တောင်ကိုရီးယားနာမည်ကျော် တေးဂီတအဖွဲ့ဖြစ်သည့် BTS အဖွဲ့က ဆော်ဒီနိုင်ငံတွင် လာမယ့်အောက်တိုဘာလ၌လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း တရားဝင်အတည်ပြု ကြေညာခဲ့ပါတယ်။  ဆော်ဒီနိုင်ငံအနေနဲ့ ဘာသာရေးအရ မကိုက်ညီမှုများ ရှိနေသည့်တိုင်အောင် ယခုကဲ့သို့ နာမည်ကျော်ကြယ်ပွင့်များကို နိုင်ငံတွင်း ဖျော်ဖြေခွင့်ပေးထားရသည့် အကြောင်းရင်းများကို  ဖော်ပြလိုက်ရပါတယ်။

၁။ စီးပွားရေး။

ကမ္ဘာကျော်ဘောလုံးအသင်းတစ်သင်းဖြစ်သည့် ယူနိုက်တက်အသင်းကို ဝယ်ယူရန် သတင်းများထွက်ပေါ်ခဲ့ဖူးသည့် ဆော်ဒီမင်းသားတစ်ဦးဖြစ်သူ မိုဟာမက်ဘင်ဆဲလ်မန်သည် (၂၀၃၀) ခုနှစ်ကာလကို ပစ်မှတ်ထားပြီး ဆော်ဒီနိုင်ငံကို ခေတ်မီနိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပါတယ်။ ရေနံမှ ရရှိသည့်ငွေကြေးများနဲ့ ကာလရှည်ကြာ ရပ်တည်ခဲ့ရပေမယ့် နောက်ပိုင်းကာလများ၌ ရေနံဈေးနှုန်း မတည်မငြိမ်ဖြစ်လာသည့်နောက် နိုင်ငံပြင်ပမှငွေကြေးများကို ပြန်လည်မျှော်လင့်နေရခြင်းဖြစ်ပါတယ်။

၂။ လူမှုဖွံ့ဖြိုးတိုးတက်ရေး။

- Advertisement -

ဆော်ဒီနိုင်ငံသားအများစုသည် ဂီတဖျော်ဖြေပွဲများ၊ ရုပ်ရှင်ကားသစ်များကို နိုင်ငံပြင်ပ၌ ထွက်ကြည့်နေရပြီး လက်ရှိအချိန်၌ ရုပ်ရှင်ရုံအသစ်များ၊ ဈေးဝယ်စင်တာအသစ်များ၊ ဂီတဇာတ်ရုံအသစ်များကို တည်ဆောက်ကာ နာမည်ကျော်အနုပညာရှင်များကို ဖိတ်ခေါ်ပြီး ဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိပါတယ်။ အမျိုးသမီးများကို ကားမောင်းခွင့်ပိတ်ပင်ခြင်း၊ ဘောလုံးပွဲကြည့်ရှုခွင့်ပိတ်ပင်ခြင်း အစရှိသည့် တင်းကြပ်မှုများကိုလည်း စတင်ဖြေလျှော့ပေးခဲ့ပြီးဖြစ်ပါတယ်။

၃။ ယခင်က လာရောက်ဖျော်ဖြေခဲ့မှုများ။

- Advertisement -

(၂၀၁၇) ခုနှစ်၊ ဒီဇင်ဘာလ၌ Jeddah တွင် Nelly လာရောက်ဖျော်ဖြေခဲ့ပေမယ့် အဆိုပါပွဲကို အမျိုးသားများသာ လာရောက်ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။ Formula E ဖျော်ဖြေပွဲ၌ Jason Derulo၊ Enrique Iglesias၊ David Guetta၊ OneRepublic နဲ့ The Black Eyed Peas တို့ လာရောက်ဖျော်ဖြေခဲ့ကြပြီး ပြီးခဲ့သည့် ဇန်နဝါရီလ၌လည်း Mariah Care၊ Sean Paul နဲ့ DJ Tiesto တို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။ နာမည်ကျော် WWE ပြိုင်ပွဲကိုလည်း ဆော်ဒီနိုင်ငံရှိ Crown Jewel Event ၌ထည့်သွင်းကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲကိုမူ အမျိုးသမီးများ ဝင်ရောက်ကြည့်ရှုခွင့်မရှိကြောင်း သိရှိရပါတယ်။

၎။ ယခင်နဲ့ယခုပြောင်းလဲမှု။

အမျိုးသမီးများအနေနဲ့ ကားမောင်ခွင့်ရရှိသွားသည့်တိုင်အောင် ခင်ပွန်း၊ ဖခင်၊ အကို၊ မောင်၊ သားဖြစ်သူတို့ထံမှ ခွင့်တောင်းနေရဆဲဖြစ်ပြီး နိုင်ငံကူးလက်မှတ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသို့ခရီးသွားလာခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်းနဲ့ လုပ်ငန်းခွင်ဝင်သည့်နေရာတို့၌ပင် အခက်အခဲ အတားအဆီးများ ရှိနေဆဲဖြစ်ပါတယ်။ လိင်တူချစ်သူများနဲ့ပတ်သက်၍လည်း ဆော်ဒီနိုင်ငံ၌ တိကျသေချာသည့် ဥပဒေတစ်ရပ်မရှိသေးပေမယ့် နိုင်ငံသားမဟုတ်သူအားလက်ထပ်ခြင်း၊ လိင်တူချင်းလက်ထပ်ခြင်းတို့ကိုမူ ဥပဒေအရတားမြစ်ထားဆဲဖြစ်ကြောင်း သိရှိရပါတယ်။

၅။ အများရဲ့ထင်မြင်ယူဆချက်။

လက်ရှိအချိန်၌ BTS အဖွဲ့ ဆော်ဒီနိုင်ငံသို့ လာရောက်မည့် အစီအစဉ်နဲ့ပတ်သက်၍လည်း ဝေဖန်ပြောကြားချက်များ အမျိုးမျိုးထွက်ပေါ်နေပြီး “BTS အဖွဲ့ ဆော်ဒီမှာသွားပြီး ဖျော်ဖြေတာက နိုင်ငံရေးကိစ္စရပ်တွေပါ ပါဝင်နိုင်ပါတယ်။ ဆော်ဒီမှာရှိတဲ့ပြည်သူတွေအနေနဲ့ ဒီပွဲကို သွားကြည့်သင့်ပြီး တစ်သက်တာမှာ ဒီလိုပွဲမျိုးက တစ်ခေါက်လောက်ပဲ ကြုံရနိုင်ပါတယ်။” ဟု တွစ်တာမှတစ်ဆင့် မှတ်ချက်ပြုရေးသားခဲ့သလို “ဘယ်သူမှ ဆော်ဒီနိုင်ငံကို မသွားချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်ပါ။” ဟုဝေဖန်ရေးသားမှုများ ရှိခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ ဆော်ဒီနိုင်ငံ၌ ကျင်းပမယ့်ဖျော်ဖြေပွဲက အောင်မြင်စွာပြီးဆုံးနိုင်မလား ဒါမှမဟုတ် Nicki Minaj ရဲ့ ပွဲကဲ့သို့ ပွဲမစခင်၌ပင် ပျက်ပြယ်သွားမလား စောင့်ကြည့်ရမည်လည်းဖြစ်ပါတယ်။

 

Source ~ BBC

#HM(Soshwe)

- Advertisement -

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × 5 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...