HomeOtherလက်ဖက်ရည် တစ်ခွက် ဒေါ်လာ ၂၀၀ နဲ့ ရောင်းချတဲ့ ဟိုတယ်။

လက်ဖက်ရည် တစ်ခွက် ဒေါ်လာ ၂၀၀ နဲ့ ရောင်းချတဲ့ ဟိုတယ်။

- Advertisement -

အင်္ဂလိပ်လူမျိုးတွေဟာ သူတို့သောက်သုံးတဲ့ Coffee တွေ၊ Tea တွေနဲ့ပက်သက်ပြီး အလွန် အလေးအနက်ထားတယ်ဆိုတာ စာဖတ်ပရိသတ်တွေလည်း သိရှိထားပြီးသားဖြစ်မှာပါ။

အခုလည်း လန်ဒန်မှာရှိတဲ့ ဟိုတယ်တစ်ခုက အင်္ဂလိပ်လူမျိုးတွေရဲ့ အဆိုပါ ဓလေ့ထုံးစံကို ရည်ရွယ်၍ သောက်သုံးသူတိုင်းကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်တဲ့ အင်္ဂလန်နိုင်ငံရဲ့ စျေးအကြီးဆုံးလက်ဖက်ရည်ကို စတင်ရောင်းချခဲ့ပါတယ်။

ဘက်ကင်ဟမ်နန်းတော်အနီးအနားမှာရှိတဲ့ The Rubens ဆိုတဲ့ဟိုတယ်ဟာ ရှားပါး သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်တစ်ခရားကို ဒေါ်လာ ၆၂၀ နဲ့ စတင်ရောင်းချပါတယ်။ ခွက်အရေအတွက်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင်တော့ လက်ဖက်ရည်တစ်ခွက်ကို ဒေါ်လာ ၂၀၀ ဝန်းကျင်လောက် ကျသင့်ပါတယ်။

Golden Tips လို့ အမည်ရတဲ့ အဆိုပါလက်ဖက်ရည်ကို သီရိလင်္ကာနိုင်ငံမှာ အများဆုံး စိုက်ပျိုးထုတ်လုပ်တာဖြစ်ပြီး ကျွမ်းကျင်တဲ့ လက်ဖက်စိုက်ပျိုးသူတွေက နူးည့ံတဲ့ ကတ္တီပါပိတ်စတွေပေါ်မှာ လက်ဖက်အဖူးအငုံလေးတွေကို ငွေရောင်ကနေ ရွှေရောင်ပြောင်းသွားသည်အထိ နေရောင်ခံကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

- Advertisement -

အဆိုပါလက်ဖက်ခြောက်နဲ့ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကို ဘက်ကင်ဟမ်နန်းတော်အနီးရှိ The Rubens ဟိုတယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါတယ်။

<Unicode Version>

- Advertisement -

 

 

လက္ဖက္ရည္ တစ္ခြက္ ေဒၚလာ ၂၀၀ နဲ႕ ေရာင္းခ်တ့ဲ ဟိုတယ္။

အဂၤလိပ္လူမ်ိဳးေတြဟာ သူတို႕ေသာက္သုံးတ့ဲ Coffee ေတြ၊ Tea ေတြနဲ႕ပက္သက္ၿပီး အလြန္ အေလးအနက္ထားတယ္ဆိုတာ စာဖတ္ပရိသတ္ေတြလည္း သိရွိထားၿပီးသားျဖစ္မွာပါ။

အခုလည္း လန္ဒန္မွာရွိတ့ဲ ဟိုတယ္တစ္ခုက အဂၤလိပ္လူမ်ိဳးေတြရဲ႕ အဆိုပါ ဓေလ့ထုံးစံကို ရည္ရြယ္၍  ေသာက္သုံးသူတိုင္းကို စိတ္ေက်နပ္မႈ အျပည့္အဝေပးစြမ္းႏိုင္တ့ဲ အဂၤလန္ႏိုင္ငံရဲ႕  ေစ်းအႀကီးဆုံးလက္ဖက္ရည္ကို စတင္ေရာင္းခ်ခ့ဲပါတယ္။

ဘက္ကင္ဟမ္နန္းေတာ္အနီးအနားမွာရွိတ့ဲ The Rubens ဆိုတ့ဲဟိုတယ္ဟာ ရွားပါး သဘာဝပစၥည္းေတြနဲ႕ ျပဳလုပ္ထားတ့ဲ လက္ဖက္ရည္တစ္ခရားကို ေဒၚလာ ၆၂၀ နဲ႕ စတင္ေရာင္းခ်ပါတယ္။ ခြက္အေရအတြက္နဲ႕ ျပန္တြက္ၾကည့္မယ္ဆိုရင္ေတာ့ လက္ဖက္ရည္တစ္ခြက္ကို ေဒၚလာ ၂၀၀ ဝန္းက်င္ေလာက္ က်သင့္ပါတယ္။

Golden Tips လို႕ အမည္ရတ့ဲ အဆိုပါလက္ဖက္ရည္ကို သီရိလကၤာႏိုင္ငံမွာ အမ်ားဆုံး စိုက္ပ်ိဳးထုတ္လုပ္တာျဖစ္ၿပီး ကၽြမ္းက်င္တ့ဲ လက္ဖက္စိုက္ပ်ိဳးသူေတြက ႏူးည့ံတ့ဲ ကတၱီပါပိတ္စေတြေပၚမွာ  လက္ဖက္အဖူးအငုံေလးေတြကို  ေငြေရာင္ကေန  ေရႊေရာင္ေျပာင္းသြားသည္အထိ  ေနေရာင္ခံကာ ထုတ္လုပ္ထားျခင္းျဖစ္ပါတယ္။

အဆိုပါလက္ဖက္ေျခာက္နဲ႕ျပဳလုပ္ထားတ့ဲ လက္ဖက္ရည္ကို ဘက္ကင္ဟမ္နန္းေတာ္အနီးရွိ The Rubens ဟိုတယ္တစ္ခုတည္းတြင္သာ ရရွိႏိုင္ပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ CNN

#ST(Ssohwe)

#SoshweFood

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × two =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...