HomeEntertainmentThe Rock ကို Superman အဖြစ် တွေ့မြင်ရတော့မှာလား ? ? ?

The Rock ကို Superman အဖြစ် တွေ့မြင်ရတော့မှာလား ? ? ?

- Advertisement -

Dwayne ‘The Rock’ Johnson သည် DC ရဲ့ ပထမဆုံး လူမည်း Superman တစ်ယောက်ဖြစ်လာရန် ဆန္ဒရှိတဲ့အကြောင်း အရိပ်အမြွက်ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဇူလိုင်လ (1209၁၄) ရက်နေ့က ပြုလုပ်ခဲ့သည့် သ့နFast & Furious: Hobbs & Shaw ဇာတ်ကားသစ်ရဲ့ မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်လာခဲ့ချိန်၌ Johnson က အခုလိုပဲ ဖွင့်ဟပြောကြားခဲ့ခြင်း ဖြစ်ပြီး အသက် (1209၄၇) နှစ်အရွယ် Johnson က “Marvel က စိတ်လှုပ်ရှားစရာ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသနေပြီး Warner Brothers ၊ DC တို့နဲ့အတူ လက်တွဲပြီး Black Adam ကို ဖန်တီးခွင့်ရခဲ့မယ်ဆိုရင် တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။”

“Marvel က သူတို့နဲ့ လက်တွဲနေတဲ့ ကုမ္ပဏီတွေအတွက် အစစအရာရာဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနေပြီး ကျွန်တော့်စိတ်ထင် သူတို့က တကယ်ကို ကောင်းကောင်းလုပ်ပြနေတယ်လို့ ထင်ပါတယ်။ တစ်နေ့ကျရင်လည်း ကျွန်တော်တို့ လူမည်း Superman တစ်ယောက်ကို မြင်တွေ့ရနိုင်ပါတယ်။ အခု ခင်ဗျားက အဲ့ဒီလူကို ကြည့်နေပါတယ်။” ဟု သူ့ကိုယ်သူ ရည်ရွယ်ကာ ခပ်ပြုံးပြုံးဖြင့် ပြောဆိုသွားခဲ့ကြောင်း သိရှိရပါတယ်။

Johnson သည် Black Adam ဇာတ်လမ်း၌လည်း အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်လျက်ရှိပေမယ့် မကြာခင်အချိန်အတွင်းမှာပဲ အဆိုပါဇာတ်ကားကို အပြီးသတ်ဖွယ်ရှိနေပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်၍လည်း ဒါရိုက်တာ Jaume Collet- Serra က အရိပ်အမြွက်ဖွင့်ဟပြောကြားထားပြီး Johnson အနေနဲ့ နောင်တစ်ချိန်မှာ လူမည်း Superman တစ်ယောက်အဖြစ် ပရိသတ်များရဲ့ရှေ့မှောက်ကို ရောက်ရှိလာနိုင်မလား စောင့်ကြည့်ရမည်လည်း ဖြစ်ပါတယ်။

- Advertisement -

 

Source ~ Unilad

- Advertisement -

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eleven − 3 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...