HomeEntertainmentလက်ထပ်ထိမ်းမြားပြီးပြီဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ Ed Sheeran

လက်ထပ်ထိမ်းမြားပြီးပြီဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ Ed Sheeran

- Advertisement -

ပြီးခဲ့တဲ့ရက်အချို့က Ed Sheeran တစ်ယောက် သူ့ရဲ့အယ်လ်ဘမ်အသစ်ကို ချပြခဲ့ပြီး iHeart Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့နဲ့အချိန်တော်တော်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူဖြစ်သူ Cherry Seaborn နဲ့ လက်ထပ်ထိမ်းမြားပြီးပြီဆိုတဲ့အကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။

Ed Sheeran ရဲ့ သီချင်းအသစ်ဖြစ်တဲ့ Eminem နဲ့ 50 Cent တို့ ပါဝင်သီဆိုပေးထားတဲ့ “ Remember the Name ” ဆိုတဲ့သီချင်းစာသားတွေအပေါ် မေးမြန်းမှုကို “ ကျွန်တော့်ရဲ့ စာသားတွေက အလှည့်အပတ်လေးတွေနဲ့ဗျ။ ဥပမာပြောရမယ်ဆိုရင် ကျွန်တော့်မိန်းမက အနီရောင်ကိုကြိုက်တယ်၊ ဒါပေမယ့် သူမက နှုတ်ခမ်းနီမပါရင် ပိုကြည့်ကောင်းတယ်။ အဲ့လိုမျိုးလေးသွယ်ဝိုက်ပြီး ပြောရတာပေါ့ဗျာ။ အမှန်တော့ ဒီသီချင်းမထွက်ခင်ကတည်းက ကျွန်တော်နဲ့ Cherry က လက်ထပ်ပြီးသားပါ . . . ” ဆိုပြီး အသက် ၂၈ နှစ်အရွယ်ရှိ Ed Sheeran မှ ပြောကြားခဲ့ပါတယ်။

- Advertisement -

“ Justin Bieber နဲ့ တွဲဆိုထားတဲ့ I Don’t Care သီချင်းဟာလည်း အမှန်ဆိုရင် Cherry ရဲ့ အကြံညဏ်ပဲဖြစ်ပါတယ်။ သီချင်းစာသားတွေနဲ့ JB နဲ့က လိုက်ဖက်မှုရှိတယ်ဆိုပြီး သူမကပဲ အကြံပေးခဲ့တာပါ . . . ” ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -

The Sun သတင်းဌာနကလည်း Ed Sheeran နဲ့ သူ့ရဲ့ချစ်သူ Cherry Seaborn တို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက သူငယ်ချင်းတွေ၊ မိသားစုဝင်တွေရှေ့မှောက်မှာ လက်ထပ်ထိမ်းမြားပြီးဖြစ်ကြောင်းကို  ရေးသားဖော်ပြခဲ့ဖူးပါတယ်။

- Advertisement -

 

Source ~ Entertainment Weekly

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read