ပြီးခဲ့တဲ့ရက်အချို့က နယူးယောက်မှာကျင်းပပြုလုပ်တဲ့ Jennifer Lopez ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပြီး သောင်းချီတဲ့ပရိသတ်တွေဟာ ဖျော်ဖြေတင်ဆက်တဲ့ စတိတ်စင်ကနေ မကျေမနပ် ထွက်ခွာခဲ့ကြရပါတယ်။ ဖျော်ဖြေပွဲဖျက်သိမ်းခဲ့ရတဲ့ အကြောင်းရင်းကတော့ ထရန်စဖော်မာ မီးလောင်ကျွမ်းမှုကြောင့် နာရီအတော်ကြာ မီးပြတ်တောက်ခဲ့ခြင်းဖြစ်ကာ ဖျော်ဖြေပွဲ သွားရောက်အားပေးသူ ပရိသတ်ဦးရေ (၁၉၀၀၀) ကျော်မှ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
Devastated and heartbroken that I can’t perform for all of you tonight. We will make this up to you, I promise! I love you!! ❤️❤️ #ItsMyPartyTour pic.twitter.com/PZhFoPkeeM
— jlo (@JLo) July 14, 2019
Madison Square Garden မှာ ကျင်းပပြုလုပ်တဲ့ Hustlers ကြယ်ပွင့် JLO မှ သီချင်း ၃ ပုဒ် ဖျော်ဖြေတင်ဆက်ပြီးချိန်တွင် မီးပြတ်တောက်ခဲ့ခြင်းဖြစ်ကာ အသံပိုင်းနဲ့သက်ဆိုင်တဲ့ System တွေ အလုပ်မလုပ်တော့တဲ့အတွက် ပွဲကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။ ပေါ့ပ်စတားဖြစ်သူ JLO မှလည်း ဖျော်ဖြေတင်ဆက်ပွဲ ရပ်ဆိုင်းခဲ့ရတာနဲ့ပက်သက်ပြီး ပရိသတ်တွေကို သူမရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေကနေတစ်ဆင့် တောင်းပန်ခဲ့ကာ (၃) နာရီအကြာမှာ ပွဲကိုရွှေ့ဆိုင်းမယ့်အကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
https://www.instagram.com/p/Bz4ns-dAw1t/?utm_source=ig_embed
JLO မှလည်း ဇူလိုင် ၂၄ ရက်မှာ ကျရောက်မယ့် သူမရဲ့ အသက် ၅၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။
Source ~ Entertainment Weekly
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share