Liverpool အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးဟောင်း Daniel Sturridge ဟာ လွန်ခဲ့တဲ့ရက်အချို့က သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် ဝမ်းနည်းစရာသတင်းတစ်ခုကို ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက လော့စ်အိန်ဂျလိစ်က Daniel ရဲ့နေအိမ်ဟာ ဖောက်ထွင်းခံခဲ့ရပါတယ်။ Daniel ကတော့ သူ့အိမ်ကို ဖောက်ထွင်းသွားသူတွေကို ဗီဒီယိုရိုက်ကာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပါတယ်။ Daniel စိတ်ထိခိုက်သွားရတဲ့ အကြောင်းအရင်းကတော့ အိမ်ဖောက်ထွင်းခံရလို့မဟုတ်ဘဲ ဖောက်ထွင်းသူတွေက Daniel ရဲ့ ပိုမေးရီးယန်းအမျိုးအစားခွေးလေးကိုပါ ခိုးယူသွားခဲ့တာဖြစ်ပါတယ်။ ဖောက်ထွင်းသူတွေဟာ တခြားတန်ဖိုးရှိ ပစ္စည်းများထည့်ထားတဲ့ အိတ် ၄ အိတ်ကိုလည်း ယူဆောင်သွားခဲ့ပါသေးတယ်။
Daniel က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ “ဘယ်လိုဖောက်ထွင်းသူတွေကများ ကျွန်တော့်ခွေးကို ယူဆောင်သွားရတာလဲဗျာ။ ကျွန်တော့်ကို ဘာမှပြန်မပေးပါနဲ့။ ခွေးလေးကိုတော့ ပြန်ပေးပါဗျာ။ ကျွန်တော်ထိုက်ထိုက်တန်တန်ဆုချပါ့မယ်။ ကျွန်တော်ဒီအိမ်ကနေမကြာခင်ပြောင်းတော့မှာမို့ ကျွန်တော့်ခွေးလေးကို အမြန်ဆုံးလာပေးကြပါဗျာ။” လို့ ဗီဒီယိုတွေရိုက် ဓာတ်ပုံတွေတင်ရင်း ပြောနေခဲ့တာပါ။
Daniel ဟာ ခွေးလေး Lucci ကို အတော်သံယောဇဉ်ရှိပုံရပါတယ်။ ဒါကြောင့်လည်း ခွေးလေးတစ်ကောင်ကိုပြန်ရဖို့အတွက် ဒေါ်လာ ၃ သောင်းနီးပါး ပေးနေတာပဲဖြစ်ပါတယ်။ ခွေးလေးတွေဟာ လူသားတွေအတွက် အဖော်မွန်ဖြစ်ပြီး သူငယ်ချင်းကောင်းတွေလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့် ခွေးချစ်တတ်သူတွေဟာ ခွေးတစ်ကောင်ကို အိမ်မှာမွေးပြီးတဲ့အခါ ထိုခွေးက အကြောင်းကံမလှလို့ သေဆုံးသွားမှသာ လက်လွတ်ပေးကြတာဖြစ်ပါတယ်။ Daniel ပုံစံကိုကြည့်ရတာလည်း သူ့ခွေးလေးကိုပြန်ရဖို့အတွက် အဆုံးအစွန်ထိ ကြိုးစားမယ့်ပုံပါပဲ။
Source ~ LAD Bible
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share