HomeEntertainmentRobert Pattinson ကို Batman အဖြစ် တွေ့မြင်ရမှာကို သဘောကျနေတဲ့ Jaden Smith

Robert Pattinson ကို Batman အဖြစ် တွေ့မြင်ရမှာကို သဘောကျနေတဲ့ Jaden Smith

- Advertisement -

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Twilight မင်းသားချော Robert Pattinson ဟာ Batman ဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် Bruce Wayne အဖြစ် ပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းဟာ Batman ပရိသတ်တွေအတွက် အထူးသတင်းကောင်းပဲဖြစ်ပါတယ်။ ယခင်က Batman ဇာတ်ကားထဲမှာ Bruce Wayne အဖြစ် ဇာတ်ကောင်ကို ကိုင်တွယ်ခဲ့တဲ့သူတွေကတော့ Michael Keaton ၊ Christian Bale ၊ Grorge Clooney နဲ့ Ben Affleck တို့ပဲဖြစ်ပါတယ်။

Batman ဇာတ်ကားအသစ်ဟာ နှောင် ၂ နှစ်အတွင်းမှာ ရုပ်ရှင်ရုံတွေမှာ စတင်ပြသမှာဖြစ်တယ်လို့ ထုတ်ဖော်ကြေငြာခဲ့တဲ့အတွက် Batman အမာခံ ပရိသတ်တွေအနေနဲ့ အလွန်စိတ်လှုပ်ရှားနေမှာပဲ ဖြစ်ပါတယ်။ Will Smith ရဲ့ တစ်ဦးတည်းသောသား Jaden Smith ဟာလည်း Batman ကို အရမ်းသဘောကျတဲ့ အမာခံပရိသတ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ Jaden တစ်ယောက် Batman ကို ဘယ်လောက်ထိသဘောကျသလဲဆိုရင် Batman အကြောင်းကို သီချင်းရေးစပ်ပြီး သီဆိုခဲ့တဲ့အပြင် Batman ဝတ်စုံကိုဝတ်ကာ Kim Kardashian West ရဲ့ မင်္ဂလာဆောင်ကိုတောင် တက်ရောက်ခဲ့ဖူးပါတယ်။

- Advertisement -

အမာခံပရိသတ်တစ်ဦးဖြစ်တာနဲ့အမျှ Jaden က Robert ကို Batman အဖြစ် မြင်တွေ့ရမယ့်အရေးကို တွေးပြီး အတိုင်းမသိသဘောကျနေကြောင်းကို Rolling Stone သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ “ကျွန်တော် ဒီသတင်းကို ကြားရတဲ့အချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းတောင်မသိဘူးခဲ့ဘူးဗျာ။ Robert က Batman ဇာတ်ရုပ်နဲ့ တကယ်လိုက်ဖက်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။” ဆိုပြီး ထုတ်ဖော်ပြောပြခဲ့ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

Robert Pattinson ကို Batman အျဖစ္ ေတြ႕ျမင္ရမွာကို သေဘာက်ေနတဲ့ Jaden Smith

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ Twilight မင္းသားေခ်ာ Robert Pattinson ဟာ Batman ဇာတ္ကားထဲမွာ အဓိကသ႐ုပ္ေဆာင္ Bruce Wayne အျဖစ္ ပါဝင္သ႐ုပ္ေဆာင္မယ္ဆိုတဲ့ သတင္းဟာ Batman  ပရိသတ္ေတြအတြက္ အထူးသတင္းေကာင္းပဲျဖစ္ပါတယ္။ ယခင္က Batman ဇာတ္ကားထဲမွာ Bruce Wayne အျဖစ္ ဇာတ္ေကာင္ကို ကိုင္တြယ္ခဲ့တဲ့သူေတြကေတာ့ Michael Keaton ၊ Christian Bale ၊ Grorge Clooney နဲ႔ Ben Affleck တို႔ပဲျဖစ္ပါတယ္။

Batman ဇာတ္ကားအသစ္ဟာ ေႏွာင္ ၂ ႏွစ္အတြင္းမွာ ႐ုပ္ရွင္႐ံုေတြမွာ စတင္ျပသမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေၾကျငာခဲ့တဲ့အတြက္ Batman အမာခံ ပရိသတ္ေတြအေနနဲ႔ အလြန္စိတ္လႈပ္ရွားေနမွာပဲ ျဖစ္ပါတယ္။ Will Smith ရဲ႕ တစ္ဦးတည္းေသာသား Jaden Smith ဟာလည္း Batman ကို အရမ္းသေဘာက်တဲ့ အမာခံပရိသတ္ေတြထဲက တစ္ဦးျဖစ္ပါတယ္။ Jaden တစ္ေယာက္ Batman ကို ဘယ္ေလာက္ထိသေဘာက်သလဲဆိုရင္ Batman အေၾကာင္းကို သီခ်င္းေရးစပ္ၿပီး သီဆိုခဲ့တဲ့အျပင္ Batman ဝတ္စံုကိုဝတ္ကာ Kim Kardashian West ရဲ႕ မဂၤလာေဆာင္ကိုေတာင္ တက္ေရာက္ခဲ့ဖူးပါတယ္။

အမာခံပရိသတ္တစ္ဦးျဖစ္တာနဲ႔အမွ် Jaden က Robert ကို Batman အျဖစ္ ျမင္ေတြ႔ရမယ့္အေရးကို  ေတြးၿပီး အတိုင္းမသိသေဘာက်ေနေၾကာင္းကို Rolling Stone သတင္းဌာနက ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ “ကၽြန္ေတာ္ ဒီသတင္းကို ၾကားရတဲ့အခ်ိန္မွာ စိတ္လႈပ္ရွားလြန္းလို႔ ဘာေျပာရမွန္းေတာင္မသိဘူးခဲ့ဘူးဗ်ာ။ Robert က Batman ဇာတ္႐ုပ္နဲ႔ တကယ္လိုက္ဖက္မယ္ဆိုတာ ကၽြန္ေတာ္ယံုၾကည္တယ္။” ဆုိၿပီး ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ TeenVogue

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read