Wimbledon ရဲ့ ခုနှစ်ထပ်ကွမ်း တင်းနစ်ချန်ပီယံတစ်ဦးဖြစ်တဲ့ Serena Williams ဟာ တင်းနစ်လေ့ကျင့်ရေး ကစားကွင်းတစ်ခုကို သူမရဲ့တင်းနစ်ရိုက်တံနဲ့ မတော်တဆရိုက်မိပြီး အနည်းငယ်ထိခိုက်ပျက်စီးစေခဲ့တဲ့အတွက် ဒေါ်လာ၁သောင်း ဒဏ်ငွေဆောင်ခဲ့ရပါတယ်။ ဒီမတော်တဆထိခိုက်မှုဟာ ဂျွန်လ ၃၀ရက်နေ့မှာ Serena က အစမ်းလေ့ကျင့်ရင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Serena ဟာ သူမ အကျွမ်းကျင်ဆုံး အားကစားဖြစ်တဲ့ တင်းနစ်ကစားခြင်းကနေ ကိုယ်ပိုင်ဝင်ငွေ ဒေါ်လာ ၈၈ သန်းလောက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ချန်ပီယံတစ်ယောက်က ဘယ်လိုလုပ် ဒေါ်လာ ၁ သောင်း ဒဏ်ငွေဆောင်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုမျိုး ဖြစ်စေခဲ့တာလဲလို့ သတင်းထောက်တစ်ယောက်က မေးတဲ့အခါမှာတော့ Serena က “အမှန်တိုင်းပြောရရင် ကျွန်မကိုယ်တိုင်တောင် မသိပါဘူး။ ကျွန်မကို တစ်ယောက်ယောက်ကများ ပြောပြပေးနိုင်မယ်ဆိုရင် တကယ်ကို ကျေးဇူးတင်မိမှာပါ။ ကျွန်မက ကျွန်မရဲ့တင်းနစ်ရိုက်တံကို ပစ်ထုတ်လိုက်မိတာပဲ။ ကျွန်မအရမ်းကိုသန်မာလွန်းတဲ့အတွက် ဒေါ်လာ၁သောင်း ဒဏ်ကြေးဆောင်ရလောက်အောင် အားကစားကွင်းကို ထိခိုက်သွားစေမိတာဖြစ်မှာပါ။” လို့ အရွှန်းဖောက်ပြောပြခဲ့ပါတယ်။
Serena ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း All England Club မှာ တင်းနစ်သမား Christina McHale နဲ့ ယှဉ်ပြိုင်ကစားရတဲ့ပွဲစဉ်မှာ အနိုင်ရရှိသွားတဲ့အခါတွင်လည်း အပျော်လွန်ပြီး သူမရဲ့တင်းနစ်ရိုက်တံကို အားရပါးရရိုက်ချေမိခဲ့တဲ့အတွက်လည်း ဒေါ်လာ၁သောင်း ဒဏ်ငွေဆောင်ခဲ့ရပါသေးတယ်။
အခြားသော တင်းနစ်ကစားသမားတွေဟာလည်း Serena လိုပဲ ဒဏ်ငွေတွေဆောင်ခဲ့ရတာမျိုးရှိပါတယ်။ ဒါပေမယ့် သူတို့တွေကတော့ မတူညီတဲ့အကြောင်းအရာတွေနဲ့ပါ။ ဥပမာ အီတလီတင်းနစ်ချန်ပီယံ Fabic Fognini က Tennys Sandgren နဲ့ ယှဉ်ပြိုင်ကစားရတဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် “All England Club မှာ ဗုန်းပေါက်ကွဲသင့်တယ်။” လို့ဒေါသစကားဆိုမိခဲ့တဲ့အတွက် ဒေါ်လာ ၃၀၀၀ ဒဏ်ငွေဆောင်ခဲ့ရပါသေးတယ်။
Source ~ CNN
#SY(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share