HomeEntertainmentသီချင်းအသစ်တစ်ပုဒ်နဲ့ Eminem ကို ထိုးနှက်လိုက်တဲ့ MGK

သီချင်းအသစ်တစ်ပုဒ်နဲ့ Eminem ကို ထိုးနှက်လိုက်တဲ့ MGK

- Advertisement -

Machine Gun Kelly ရဲ့ အသစ်ထွက်ရှိလာသည့် Hotel Diablo ဆိုသည့် Album အသစ်ထဲက Floor 13 ဆိုသည့် သီချင်းတစ်ပုဒ်ထဲ၌ နာမည်ကျော် ရက်ပ်ပါတစ်ဦးဖြစ်သည့် Eminem ကို ထိုးနှက်ထားသည့် သီချင်းစာသားများ ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။ MGK က “tried to send a kill shot, missin’ me” ဆိုသည့် စာသားဖြင့် Eminem ကို ရည်ရွယ်ထိုးနှက်ခဲ့ခြင်းဖြစ်ကာ အဆိုပါသီချင်းထဲ၌ Eminem ကိုရည်ရွယ်သည့် အခြားသော သီချင်းစာသားများလည်း ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

သီချင်းရဲ့ ဒုတိယအပိုဒ်မှာလည်း MGK က “One legend that tried to fuck with me and then got the venom” ဆိုသည့် သီချင်းစာပိုဒ်ပါဝင်ခဲ့ပြီး MGK သီဆိုခဲ့သည့် Legend သည် Eminem ကို ရည်ညွှန်းကြောင်း ပရိသတ်များက ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ ယခုကဲ့သို့ MGK ရဲ့ Eminem အပေါ် ထိုးနှက်မှုများအပေါ် ဆိုရှယ်မီဒီယာပေါ်မှ ပရိသတ်များကလည်း အမျိုးမျိုး ဝေဖန်သုံးသပ်လျက်ရှိပြီး ပရိသတ်တစ်ဦးကလည်း “MGK ရဲ့ Album အသစ်က တကယ်ကို ထိပ်တန်းအဆင့်ရှိပေမယ့် သူ့အနေနဲ့ Eminem ရဲ့ သီချင်းစာသားတွေနဲ့ြ တုံ့ပြန်တာကို ခံရတော့မယ်ဆိုတာကို သိထားရပါမယ်။ လူတွေရဲ့ အာရုံစိုက်တာခံရဖို့အတွက် Eminem ကို တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့လည်း လိုအပ်ပါတယ်။” ဟု ရေးသားခဲ့ပါတယ်။

အခြားသောပရိသတ်တစ်ဦးကလည်း “MGK အနေနဲ့ ဂီတဘက်မှာ ထူးချွန်နိုင်ပေမယ့် Eminem နဲ့ ပတ်သက်ပြီး သူပြောတဲ့အကြောင်းအရာတွေက ခယနေသလိုပါပဲ။ Eminem အပေါ် ခင်ဗျားရဲ့ရူးကြောင်ကြောင်လုပ်ရပ်က သီချင်းကောင်းတစ်ပုဒ်မဟုတ်ဘဲ ခင်ဗျားအနေနဲ့ ဒီလိုဆိုးရွားတဲ့ ဂီတတွေကိုပဲ ဖန်တီးနေမယ်ဆိုရင် ဘယ်သူကမှခင်ဗျားဘက်ရှိနေမှာ မဟုတ်ပါဘူး။” ဟု ရေးသားခဲ့ကြကြောင်း သိရှိရပါတယ်။

 

- Advertisement -

Source ~ Unilad

#HM(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − two =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...