HomeEntertainmentJoker ဇာတ်ကားက အခြားသော Comic များအပေါ် ကူးချထားကြောင်း ဝေဖန်မှုများရှိနေ။

Joker ဇာတ်ကားက အခြားသော Comic များအပေါ် ကူးချထားကြောင်း ဝေဖန်မှုများရှိနေ။

- Advertisement -

မကြာခင်မှာ ရုံတင်တော့မည့် Joaquin Phoenix ပါဝင်သရုပ်ဆောင်ထားသည့် Joker ဇာတ်ကားရဲ့ ဇာတ်ညွှန်းက အခြားသော Comic စာအုပ်များထဲမှ ကူးချထားကြောင်း စွပ်စွဲချက်များထွက်ပေါ်နေပြီး   လက်ရှိအချိန်၌ အဆိုပါဇာတ်ကားရဲ့ ဇာတ်ညွှန်းဆရာလည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်သူ Todd Phillips ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်သွားခဲ့ကြောင်း သိရှိရပါတယ်။ Todd Phillips က “ကျွန်တော်တို့  ဘယ်စာအုပ်ထဲကမှ ကူးချထားတာမျိုး မရှိပါဘူး။ ဒီလိုပြောနေတဲ့သူတွေက  တကယ်ကို စိတ်မနှံ့ဘဲ  ရူးနေတဲ့သူတွေ ဖြစ်နိုင်ပါတယ်။” ဟုမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
ထပ်မံ၍လည်း Todd Phillips က “ကျွန်တော်တို့က ဒီဇာတ်ကားအတွက်  ကိုယ်ပိုင်ဇာတ်လမ်းကို  ရေးသားခဲ့တာပါ။ Joker က ဘယ်လိုနေရာမျိုးကလာတယ်ဆိုတာတွေရောပေါ့။ အဲ့ဒါက  အရမ်းကို စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က Joker ကိုတင်ဖန်တီးခဲ့တာမဟုတ်ဘဲ Joker ဆိုတဲ့ပုံပြင်  ဘယ်လိုဖြစ်လာလဲဆိုတာကိုပါဖန်တီးခဲ့တာပါ။” ဟု တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။
ယခုရုံတင်မည့် Joker ဇာတ်ကားသည် Alan Moore နဲ့ Brian Bolland တို့ရဲ့ ဂန္တဝင်ဖန်တီးမှုတစ်ခုဖြစ်သည့် The Killing Joke ကို တစ်စိတ်တစ်ပိုင်းမျှ ကူးချထားကြောင်း ပရိသတ်များက ဝေဖန်နေကြခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Todd Phillips က Joker ဇာတ်ကောင်အတွက် မင်းသား Phoenix အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းကိုလည်း “ကျွန်တော့်စိတ်ထင် သူ (Phillips) က ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ ဒီဇာတ်ညွှန်းရေးနေချိန်က ကွန်ပျူတာမှာ  သူ့ဓာတ်ပုံကို တင်ထားပြီး စိတ်ထဲမှာတော့ Joaquin တစ်ယောက် ဒီဇာတ်လမ်းကို တကယ်သရုပ်ဆောင်နေတဲ့ပုံစံကို  မြင်ယောင်ခဲ့ကြပါတယ်။” ဟုလည်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်၌ ယခုကဲ့သို့  ဝေဖန်မှုများခံနေရသည့် Joker ဇာတ်ကားကို အောက်တိုဘာလ (၄) ရက်နေ့မှာ ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

- Advertisement -

Source ~ Entertainment Weekly

- Advertisement -

#HM(Soshwe)

- Advertisement -

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read