HomeEntertainmentDua Lipa ရဲ့ ချစ်သူအသစ်က ဘယ်သူဖြစ်မလဲ ? ? ?

Dua Lipa ရဲ့ ချစ်သူအသစ်က ဘယ်သူဖြစ်မလဲ ? ? ?

- Advertisement -

ပြီးခဲ့တဲ့ရက်အချို့က လန်ဒန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Music Festival တစ်ခုမှာ  ပေါ့ပ်အဆိုတော်ချောလေး Dua Lipa နဲ့ Gigi Hadid ၊ Bella Hadid တို့ရဲ့မောင်လေးဖြစ်သူ Anwar Hadid တို့ အလွန်နီးနီးကပ်ကပ်ဖြစ်နေတဲ့ပုံတွေဟာ ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။  နောက်တစ်ချက်က Gigi နဲ့ Dua ဟာ သူငယ်ချင်းတွေဖြစ်ကြတဲ့အတွက် Anwar နဲ့ Dua တို့ ဘယ်လိုသိရှိခဲ့သလဲဆိုတာ သံသယမရှိနိုင်ပါဘူး။

- Advertisement -

ပေါ့ပ်စတား Dua Lipa နဲ့  Anwar တို့ဟာ လန်ဒန်ရှိ ဟိုက်ဒ်ပန်းခြံမှာ ကျင်းပပြုလုပ်တဲ့ British Summer Time Music Festival မှာ နှစ်ဦးသား ကြည်ကြည်နူးနူး အနီးကပ်  ပျော်မြူးနေကြတာကို  တွေ့မြင်ရမှာပါ။ အမှန်တော့ သူတို့နှစ်ဦးကို အခုလိုအတူတကွ တွေ့မြင်ရတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက Malibu မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Anwar ရဲ့  မွေးနေ့ပါတီမှာကတည်းက နှစ်ဦးသားကို တပူးပူးတတွဲတွဲ တွေ့မြင်ခဲ့ရတာပါ။

- Advertisement -

- Advertisement -

Dua နဲ့ သူ့ရဲ့ရည်စားဟောင်းတို့ဟာ ဇွန်လပိုင်း အစောတုန်းက ပြတ်စဲခဲ့ကြပြီး သူငယ်ချင်းဖြစ်သူ Gigi Hadid ရဲ့ မိတ်ဆက်ပေးမှုကနေတစ်ဆင့် Anwar နဲ့ ရင်းနှီးလာခဲ့ကြတာပဲဖြစ်ပါတယ်။ Anwar အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်က Kendall Jenner နဲ့ သတင်းတွေထွက်လာခဲ့ပေမယ့် Kendall မှ NBA ကြယ်ပွင့် Ben Simmons နဲ့ လူသိရှင်ကြား တွဲခုတ်ခဲ့ပြီး အခုချိန်မှာတော့ နှစ်ဦးသား လမ်းခွဲလိုက်ကြပြီပဲဖြစ်ပါတယ်။

 

Source ~ Cosmopolitan

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read