HomeSportတတိယမြောက်ကစားသမားအသစ်ကို ခေါ်ယူနိုင်ရန် နီးစပ်လာသည့်ယူနိုက်တက်အသင်း။

တတိယမြောက်ကစားသမားအသစ်ကို ခေါ်ယူနိုင်ရန် နီးစပ်လာသည့်ယူနိုက်တက်အသင်း။

- Advertisement -

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသော စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ယူနိုက်တက်အသင်းကို  ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး မကြာခင်အချိန်အတွင်း အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ရန်  မျှော်လင့်နေကြောင်း သိရှိရပါတယ်။ အသက် (၂၄) နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားသည် ပြီးခဲ့တဲ့ဘောလုံးရာသီ၌ အသင်းအတွက် သွင်းဂိုး (၂၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းကမူ ဖယ်လိုင်နီ၊ ဟာရဲရားတို့ ထွက်ခွာသွားသည့် အသင်းရဲ့ကွင်းလယ်အတွက် ဘရူနိုဖာနန်ဒက်စ်ကို ပစ်မှတ်ထားနေခြင်းလည်းဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားသည်လည်း ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန်ဆန္ဒရှိနေပြီး လက်ရှိအချိန်၌မူ ပေါ်တူဂီသတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ကလည်း ယူနိုက်တက်အသင်းကို  ပြောင်းရွှေ့ရန်ဆန္ဒရှိနေပြီး မကြာခင်အချိန်၌ပင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ရန်  မျှော်လင့်လျက်ရှိကြောင်း သိရှိရပါတယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ မီဂွယ်လ်ပင်ဟိုသည်လည်း လာမယ့်ဗုဒ္ဓဟူးနေ့ည၌ မန်ချက်စတာမြို့ကို လာရောက်ကာ ယူနိုက်တက်အသင်းတာဝန်ရှိသူများနဲ့  ဆွေးနွေးရန်ပြင်ဆင်နေပါတယ်။ ကစားသမားအနေနဲ့လည်း ယူနိုက်တက်အသင်း၌ တစ်ပတ်လုပ်ခ ပေါင် (၁) သိန်းဖြင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားကြောင်း သတင်းများထွက်ပေါ်နေပြီး ကလပ်နှစ်သင်းကြား  ပြောင်းရွှေ့ကြေး ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းအနေနဲ့လည်း သူတို့ရဲ့အဓိကအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမားအတွက်   ပြောင်းရွှေ့ကြေးပေါင်သန်း (၇၀) တောင်းဆိုရန်ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

 

Source ~ Sportsmole

- Advertisement -

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 + three =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...