HomeEntertainmentတစ်နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ချစ်ခရီးလမ်း။

တစ်နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ချစ်ခရီးလမ်း။

- Advertisement -

နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သည့် Justin Bieber သည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဇူလိုင်လက သူ့ရဲ့လက်ရှိ လက်တွဲဖော်ဖြစ်သူ Hailey Baldwin ကို ဘဟားမားဒေသမှာ လက်ထပ်ခွင့်တောင်းခံခဲ့ပြီး လက်ရှိအချိန်မှာတော့ အဆိုပါဖြစ်ရပ်က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး Baldwin က “လွန်ခဲ့တဲ့တစ်နှစ်က ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းကို ဘဝလက်တွဲဖော်အဖြစ်  ခေါင်းညိမ့်လက်ခံခဲ့ပါတယ်။” ဟု သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့ပြီး “Justin ကြောင့်ဘဝက ပိုမိုလှပခဲ့ရပြီး ကျွန်မနှလုံးသားက သူနဲ့ထာဝရအတူရှိနေမှာပါ။” ဟုလည်း ရေးသားခဲ့ပါတယ်။

https://www.instagram.com/p/BzoSciXFRBP/?utm_source=ig_embed

- Advertisement -

Bieber က Baldwin ကိုလက်ထပ်ခွင့်တောင်းခံခဲ့ပြီး နောက်ထပ် (၂) လအကြာ (၂၀၁၈) ခုနှစ် စက်တင်ဘာလမှာပဲ နှစ်ဦးသားစေ့စပ်ခဲ့ကြသလို နယူးယော့ခ်မြို့၌ တိတ်တဆိတ်မင်္ဂလာပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ နီးစပ်သူများကလည်း “သူတို့နှစ်ဦးက ရှေ့တည့်တည့်ကိုပဲ ကြည့်ခဲ့ကြပြီး တခြားသူတွေပြောတာကို နားမထောင်ဘဲ သူတို့ဆန္ဒအတိုင်း လုပ်ခဲ့ကြတာပါ . . . ” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။

- Advertisement -

အဆိုပါစုံတွဲအနေနဲ့ တရားဝင်လက်ထပ်ခဲ့ပြီးဖြစ်သော်လည်း မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ရှေ့မှောက်၌   နောက်ထပ်မင်္ဂလာပွဲတစ်ပွဲကို ထုံးထမ်းစဉ်လာနဲ့အညီ ကျင်းပရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရပါတယ်။ အတွင်းလူတစ်ဦးရဲ့အဆိုအရ “သူတို့ကနောက်ထပ်ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်အောင်လုပ်ပါလိမ့်မယ်။ ဘုရားသခင်နဲ့သူတို့ချစ်ရတဲ့လူတွေရဲ့ရှေ့မှောက်မှာပေါ့။ ဒီပွဲက မိသားစုတွေ၊ သူငယ်ချင်းတွေအတွက် သီးသန့်ဖြစ်သလို Hailey ကလည်း ပွဲစီစဉ်သူနဲ့အတူ တိုင်ပင်ပြီး ဒီပွဲအတွက်စတင်ဆောင်ရွက်နေပါပြီ။ ဒီပွဲအတွက်လည်း သူတို့နှစ်ယောက်လုံးက စိတ်လှုပ်ရှားနေကြပါတယ်။” ဟုလည်း သိရှိရပါသေးတယ်။

- Advertisement -

 

Source ~ PEOPLE Magazine

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read