HomeOtherအသက် (၁၄) နှစ်အရွယ် ကလေးငယ်ကို လေယာဉ်မှားတင်ပေးလိုက်သည့် ယူနိုက်တက်လေကြောင်းလိုင်း။

အသက် (၁၄) နှစ်အရွယ် ကလေးငယ်ကို လေယာဉ်မှားတင်ပေးလိုက်သည့် ယူနိုက်တက်လေကြောင်းလိုင်း။

- Advertisement -

ယူနိုက်တက်အမည်ရှိ လေကြောင်းလိုင်းတစ်ခုသည် ဆွီဒင်နိုင်ငံသို့သွားရောက်မည့် အသက် (၁၄) နှစ်အရွယ် ကလေးငယ် Anton Berg ကို ဂျာမနီနိုင်ငံ၊ ဒက်ဆဲလ်ဒေါ့ဖ်မြို့သို့ သွားရောက်မည့် လေယာဉ်ပေါ်မှားယွင်း တင်ပေးလိုက်မိသောကြောင့် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ကာရိုလိုင်းနားမြောက်ပိုင်းဒေသ၌နေထိုင်သည့် Anton သည် ဆွီဒင်နိုင်ငံရှိ သူ့အဘိုးအဘွားများထံ သွားရောက်လည်ပတ်ရန်ပြင်ဆင်ခဲ့ပေမယ့် အခုလိုပဲ လေယာဉ်ဝန်ထမ်းများရဲ့ လွဲချော်မှုကြောင့် ဂျာမနီနိုင်ငံသို့ ရောက်ရှိရန်နီးစပ်ခဲ့ရခြင်းဖြစ်ပါတယ်။

Anton သည် လေယာဉ်ပေါ်သို့ရောက်ရောက်ချင်းမှာပဲ ဖခင်ဖြစ်သူ Christer Berg ဆီ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း မက်ဆေ့ချ်ပို့ခဲ့ပြီး လေယာဉ်ပေါ်မှလူများအားလုံးက ဂျာမန်ဘာသာစကားကိုသာ ပြောဆိုနေခဲ့ကြောင်း အကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီနောက်တွင်မူ Anton က လေယာဉ်အမှုထမ်းများအားလုံးကို သူ့ရဲ့ အဖြစ်အပျက်ကို အကြောင်းကြားခဲ့ပြီး လေယာဉ်ကလည်း မူလထွက်ခွာလာရာ နယူးဂျာစီဒေသရှိ Newark လေဆိပ်ကိုပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

Anton ရဲ့ မိခင်ဖြစ်သူ Brenda Berg ကလည်း ယခုဖြစ်ရပ်အတွက် စိုးရိမ်တကြီးဖြစ်ခဲ့ရပြီး Anton အနေနဲ့ သူ့ရဲ့ မူလလေကြောင်းခရီးစဉ်ကို လွဲချော်ခဲ့ရပေမယ့် ယူနိုက်တက်လေကြောင်းလိုင်းမှ ဆွီဒင်နိုင်ငံသို့ သွားရောက်မည့် နောက်ထပ်လေယာဉ်တစ်စီးကို ချက်ချင်းပြန်တင်ပေးခဲ့ပြီး Anton သည်လည်း သူ့ဘိုးဘွားများရှိရာ ဆွီဒင်နိုင်ငံသို့ ဘေးကင်းစွာရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်လေကြောင်းလိုင်းရဲ့ တာဝန်ယူမှုကင်းမဲ့သည့် လုပ်ရပ်နဲ့ပတ်သက်၍လည်း မိခင်ဖြစ်သူ Brenda က သူမရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် ဝေဖန်ခဲ့ပြီး Anton တစ်ယောက် ဆွီဒင်နိုင်ငံသို့ရောက်ရှိခဲ့ခြင်းကို ယူနိုက်တက်လေကြောင်းလိုုင်းမှ တာဝန်ရှိသူများက မိဘများထံ ပြန်လည်အကြောင်းကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။

နောက်ပိုင်းတွင်မူ ယူနိုက်တက်လေကြောင်းလိုင်းမှ အဆိုပါဖြစ်ရပ်များအတွက် တရားဝင် ပြန်လည်တောင်းပန်ခဲ့ပြီး Anton ရဲ့ လေယာဉ်စရိတ် ဒေါ်လာ (၁၅၀) ကိုလည်း ပြန်လည်အမ်းပေးခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

အသက္ (၁၄) ႏွစ္အရြယ္ ကေလးငယ္ကုိ ေလယာဥ္မွားတင္ေပးလုိက္သည့္ ယူႏုိက္တက္ေလေၾကာင္းလုိင္း။

ယူႏုိက္တက္အမည္ရွိ ေလေၾကာင္းလိုင္းတစ္ခုသည္ ဆြီဒင္ႏုိင္ငံသုိ႔သြားေရာက္မည့္ အသက္ (၁၄) ႏွစ္အရြယ္ ကေလးငယ္ Anton Berg ကို ဂ်ာမနီႏုိင္ငံ၊ ဒက္ဆဲလ္ေဒါ့ဖ္ၿမိဳ႕သို႔ သြားေရာက္မည့္ ေလယာဥ္ေပၚမွားယြင္း တင္ေပးလုိက္မိေသာေၾကာင့္ ျပန္လည္ေတာင္းပန္ခ့ဲရပါတယ္။ ကာရုိလုိင္းနားေျမာက္ပုိင္းေဒသ၌ေနထိုင္သည့္ Anton သည္ ဆြီဒင္ႏုိင္ငံရွိ သူ႔အဘုိးအဘြားမ်ားထံ သြားေရာက္လည္ပတ္ရန္ျပင္ဆင္ခ့ဲေပမယ့္ အခုလိုပဲ ေလယာဥ္ဝန္ထမ္းမ်ားရဲ႕ လြဲေခ်ာ္မႈေၾကာင့္ ဂ်ာမနီႏုိင္ငံသုိ႔ ေရာက္ရွိရန္နီးစပ္ခ့ဲရျခင္းျဖစ္ပါတယ္။

Anton သည္ ေလယာဥ္ေပၚသို႔ေရာက္ေရာက္ခ်င္းမွာပဲ ဖခင္ျဖစ္သူ Christer Berg ဆီ တစ္စံုတစ္ခု မွားယြင္းေနၿပီျဖစ္ေၾကာင္း မက္ေဆ့ခ်္ပို႔ခ့ဲၿပီး ေလယာဥ္ေပၚမွလူမ်ားအားလံုးက ဂ်ာမန္ဘာသာစကားကုိသာ   ေျပာဆုိေနခ့ဲေၾကာင္း အေၾကာင္းၾကားခ့ဲပါတယ္။ အ့ဲဒီေနာက္တြင္မူ Anton က ေလယာဥ္အမႈထမ္းမ်ားအားလံုးကုိ သူ႔ရဲ႕ အျဖစ္အပ်က္ကို အေၾကာင္းၾကားခ့ဲၿပီး ေလယာဥ္ကလည္း မူလထြက္ခြာလာရာ နယူးဂ်ာစီေဒသရွိ Newark ေလဆိပ္ကိုျပန္လည္ဆင္းသက္ခ့ဲရပါတယ္။

Anton ရဲ႕ မိခင္ျဖစ္သူ Brenda Berg ကလည္း ယခုျဖစ္ရပ္အတြက္ စုိးရိမ္တႀကီးျဖစ္ခ့ဲရၿပီး Anton အေနနဲ႔ သူ႔ရဲ႕ မူလေလေၾကာင္းခရီးစဥ္ကုိ လြဲေခ်ာ္ခ့ဲရေပမယ့္ ယူႏုိက္တက္ေလေၾကာင္းလိုင္းမွ ဆြီဒင္ႏုိင္ငံသုိ႔ သြားေရာက္မည့္ ေနာက္ထပ္ေလယာဥ္တစ္စီးကို ခ်က္ခ်င္းျပန္တင္ေပးခ့ဲၿပီး Anton သည္လည္း သူ႔ဘုိးဘြားမ်ားရွိရာ ဆြီဒင္ႏုိင္ငံသုိ႔ ေဘးကင္းစြာေရာက္ရွိခ့ဲပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ေလေၾကာင္းလိုင္းရဲ႕ တာဝန္ယူမႈကင္းမ့ဲသည့္ လုပ္ရပ္နဲ႔ပတ္သက္၍လည္း မိခင္ျဖစ္သူ Brenda က သူမရဲ႕ တြစ္တာစာမ်က္ႏွာမွတစ္ဆင့္ ေဝဖန္ခ့ဲၿပီး Anton တစ္ေယာက္ ဆြီဒင္ႏုိင္ငံသို႔ေရာက္ရွိခ့ဲျခင္းကို ယူႏုိက္တက္ေလေၾကာင္းလိုုင္းမွ တာဝန္ရွိသူမ်ားက မိဘမ်ားထံ ျပန္လည္အေၾကာင္းၾကားခ့ဲျခင္းမရွိေၾကာင္း သိရွိရပါတယ္။

ေနာက္ပုိင္းတြင္မူ ယူႏုိက္တက္ေလေၾကာင္းလိုင္းမွ အဆိုပါျဖစ္ရပ္မ်ားအတြက္ တရားဝင္ ျပန္လည္ေတာင္းပန္ခ့ဲၿပီး Anton ရဲ႕ ေလယာဥ္စရိတ္ ေဒၚလာ (၁၅၀) ကုိလည္း ျပန္လည္အမ္းေပးခ့ဲေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ PEOPLE Magazine

- Advertisement -

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

18 − 17 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...