HomeEntertainmentပုရိသတွေရဲ့အသည်းစွဲ Liu Yifei ပါဝင်သရုပ်ဆောင်ထားတဲ့ Mulan (Live Action) ဇာတ်ကား Trailer ထွက်ရှိလာ။

ပုရိသတွေရဲ့အသည်းစွဲ Liu Yifei ပါဝင်သရုပ်ဆောင်ထားတဲ့ Mulan (Live Action) ဇာတ်ကား Trailer ထွက်ရှိလာ။

- Advertisement -

Disney ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ Mulan (Live Action) ဇာတ်ကားကို မတ်လ ၂၇ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ပထမဦးဆုံး Trailer လည်း ထွက်ရှိလာခဲ့ပါတယ်။

Disney အနေနဲ့ အခု Trailer ကို အမျိုးသမီး ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ တရားဝင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်ကထွက်ရှိထားတဲ့ Animation ရုပ်ရှင်ဇာတ်ကားကို Live Action အဖြစ် ပြန်လည်ရိုက်ကူးမယ်လို့ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ကြေငြာခဲ့ပြီး ၄ နှစ်အကြာမှာ Trailer ထွက်ရှိလာခဲ့ခြင်းပဲဖြစ်ပါတယ်။

- Advertisement -

အခု Trailer မှာတော့ မင်းသမီးချောလေး Liu Yifei မှ လိမ္မာယဉ်ကျေးတဲ့ သမီးငယ်လေးကနေ တရုတ်ပြည်ကြီးရဲ့ အတော်ဆုံးစစ်သည်တော်ဖြစ်လာခဲ့တဲ့ Hua Mulan အဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ။ Trailer လေးကိုလည်း ပရိသတ်တွေ ကြည့်ရှုခံစားပေးကြပါဦးနော် . . .

- Advertisement -

- Advertisement -

 

Source ~ PEOPLE Magazine

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read