HomeSportရာသီအသစ်မှာ ယူနိုက်တက်နဲ့ပက်သက်ပြီး ဆိုးလ်ရှားဆောင်ရွက်ရမည့်အချက် (၅) ချက်။

ရာသီအသစ်မှာ ယူနိုက်တက်နဲ့ပက်သက်ပြီး ဆိုးလ်ရှားဆောင်ရွက်ရမည့်အချက် (၅) ချက်။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားအတွက် လာမည့်ဘောလုံးရာသီက သူ့အတွက် ပထမဆုံးရာသီအပြည့် ကိုင်တွယ်ရမှာဖြစ်ပြီး ရာသီအသစ်မှာ ဆိုးလ်ရှားတစ်ယောက်ယူနိုက်တက်အသင်းနဲ့ ပက်သက်ပြီး ဆောင်ရွက်ရမယ့်အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အသင်းလိုက်ဟန်ချက်ညီမှုရှိစေရန်။
ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ဒေးဗစ်မိုယက်စ်လက်ထက်မှစတင်ကာ မော်ရင်ဟိုလက်ထက်အထိ အသင်းတွင်းအဝတ်လဲခန်း မတည်မငြိမ်ဖြစ်သည့် သတင်းများ မကြာခဏထွက်ပေါ်ခဲ့ပြီး ဆိုးလ်ရှားကိုင်တွယ်ခဲ့သည့်  ပြီးခဲ့သည့်ရာသီ ကုန်ဆုံးချိန်၌လည်း ပေါ့ဘာကအစပြုပြီး အသင်းတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ သို့ဖြစ်ရာ ဆိုးလ်ရှားအနေနဲ့ လက်ရှိရာသီကြိုကာလမှစတင်ကာ ဖာဂူဆန်လက်ထက်ကအတိုင်း အသင်းတွင်းစည်းလုံးညီညွှတ်မှုအပြည့်ရှိအောင် စွမ်းဆောင်နိုင်ရန် လိုအပ်ပါတယ်။

၂။ ကိုယ်ပိုင်ဒဿနရိုက်သွင်းနိုင်ရန်။
ဒေးဗစ်မိုယက်စ်၊ ရိုင်ယန်ဂစ်၊ ဗန်ဟားလ်၊ မော်ရင်ဟိုတို့ကဲ့သို့ နည်းပြအပြောင်းအလဲများကြားထဲ၌ ယူနိုက်တက်အသင်းရဲ့ တည်ငြိမ်မှုလည်း အမြဲလိုလိုပျောက်ဆုံးခဲ့ရပြီး မကြာခဏဆိုသလို ကစားပုံဒဿနများကို ပြောင်းလဲခဲ့ရပါတယ်။ လက်ရှိယူနိုက်တက်အသင်းအနေနဲ့ ဒန်နီယဲယ်ဂျိမ်းစ်၊ ဝမ်ဘစ်ဆာကာတို့ကဲ့သို့ ကစားသမားများကို ခေါ်ယူအားဖြည့်ထားပြီး ဆိုးလ်ရှားအနေနဲ့ ဗြိတိန်အခြေစိုက်ကစားသမားများနဲ့ တိုက်စစ်မြှင့်ကာ အင်ပြည့်အားပြည့်တည်ဆောက်သွားရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။

၃။ FA ဖလားအောင်မြင်မှုရရှိရန်။
ပြီးခဲ့သည့်ရာသီ၌ ယူနိုက်တက်အသင်းပရိသတ်များက ဆိုးလ်ရှားလက်ထက်မှာ ဖလားအောင်မြင်မှု တစ်ခုခုရယူနိုင်ရန် မျှော်လင့်ခဲ့ကြပေမယ့် ဖလားလက်မဲ့အခြေအနေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ကစားသမားသစ်မဖြည့်တင်းနိုင်သည့် အာဆင်နယ်၊ နည်းပြသစ်လမ်းပတ်လက်ထက်၌ ရုန်းကန်ရနိုင်သည့် ချဲလ်ဆီးအသင်းတို့ရဲ့အနေအထားကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမည့်ဘောလုံးရာသီ၌အနည်းဆုံး FA ဖလားတစ်လုံးကို ရယူနိုင်ရန် လိုအပ်နေပြီလည်းဖြစ်ပါတယ်။

- Advertisement -

၎။ အသုံးမလိုသည့်ကစားသမားများကိုရှင်းထုတ်ရန်။
ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့သည့်ဘောလုံးရာသီနှောင်းပိုင်း၌ အသင်းမှာရှိသည့် ကစားသမားများအားလုံးကို အခွင့်အရေးကိုယ်စီပေးခဲ့ပြီး လက်ရှိအချိန်၌မူ အသုံးမလိုတော့သည့် ကစားသမားများကို ပြတ်ပြတ်သားသားရှင်းထုတ်ကာ ကစားသမားအသစ်များနဲ့ အင်အားဖြည့်တင်းရမည့်အချိန်လည်းဖြစ်ပါတယ်။ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်၊ ရိုဟိုတို့ကဲ့သို့ ကစားသမားများကို စာချုပ်သက်တမ်းတိုးထားသည့် ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ဒါမီယန်ကဲ့သို့ အရံစာရင်းမှာပင် ပါဝင်ခွင့်မရှိသည့် ကစားသမားကိုလည်း သေချာပေါက် ရောင်းထုတ်ရန်လိုအပ်နေပြီဖြစ်ပါတယ်။

၅။ အကယ်ဒမီကစားသမားများကို ပိုမိုအခွင့်အရေးပေးရန်။
ဂျိမ်းစ်ဂါနာ၊ အိန်ဂျယ်ဂိုးမက်စ်၊ တာဟစ်ချောင်၊ တွမ်မီနေး၊ ဂရင်းဝုဒ်တို့လိုကစားသမားများက ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားများဖြစ်ကြပြီး ပြီးခဲ့သည့်ရာသီအတွင်း ဆိုးလ်ရှားရဲ့ စီနီယာအသင်းကြီး လူစာရင်းမှာ မကြာခဏပါဝင်ခွင့်ရရှိခဲ့ကြပါတယ်။ လက်ရှိနွေရာသီအပြောင်းအရွှေ့၌ ကစားသမားသစ်များကို ခေါ်ယူအားဖြည့်နေသည့်တိုင်အောင် ယူနိုက်တက်အသင်းရဲ့အစဉ်အလာအတိုင်း အကယ်ဒမီအသင်းမှ ကစားသမားများကိုလည်း အသင်းကြီး၌ ပိုမိုအခွင့်အရေးပေးရန်လိုအပ်နေဆဲဖြစ်ပါတယ်။

- Advertisement -

 

Source ~ FourFourTwo

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one + five =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...