HomeSport“Equal Pay” အတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ ပရိသတ်များ။

“Equal Pay” အတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ ပရိသတ်များ။

- Advertisement -

မနေ့ညက ကစားခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး၌ ကွင်းအတွင်းရှိပရိသတ်များသည် အမျိုးသမီးဘောလုံးသမားများကို အမျိုးသားများနဲ့တန်းတူ လုပ်ခလစာ ခံစားခွင့်ပေးရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြကြောင်း သိရှိရပါတယ်။ အမေရိကန်အမျိူးသမီးအသင်းက နယ်သာလန်အမျိုးသမီးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ပြီးနောက် ပရိသတ်များက “Equal Pay” အတွက် သံပြိုင်ကြွေးကြော်အော်ဟစ်ခဲ့ကြခြင်းဖြစ်ပါတယ်။
လက်ရှိအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် အမေရိကန်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ခြေစစ်ပွဲမအောင်မြင်ခဲ့သည့် အမေရိကန်အမျိုးသားအသင်းထက်ပါ လုပ်ခလစာ ပိုမိုနည်းပါးနေပြီး အဆိုပါဖြစ်ရပ်နဲ့ပတ်သက်၍လည်း အမေရိကန်အမျိုးသမီးလက်ရွေးစင် အသင်းခေါင်းဆောင်ရာပီနိုးနဲ့ အမေရိကန်သမ္မတတို့အကြား စကားလုံးတိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။
နောက်ဆုံးရရှိထားသည့်အချက်အလက်များအရ အမျိုးသမီးဘောလုံးပွဲများမှတစ်ဆင့် ရရှိခဲ့သည့် ကွင်းဝင်ကြေး ပမာဏဟာ ဒေါ်လာ (၅၀.၈) သန်းအထိရှိခဲ့ပြီး အဆိုပါပမာဏသည် အမျိုးသားဘောလုံးပွဲများမှ ရရှိခဲ့သည့် ကွင်းဝင်ကြေး ဒေါ်လာ (၄၉.၉) သန်းထက်ပိုမိုများနေသည့် ပမာဏလည်းဖြစ်ပါတယ်။ ဒါပေမယ့် New York Times မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆုကြေးက ဒေါ်လာသန်း (၃၀) သာရှိနေပြီး ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆုကြေးက ဒေါ်လာသန်း (၄၀၀) အထိ ရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

Molly Levinson ဟုအမည်ရသည့် အမေရိကန်အမျိုးသမီး ဘောလုံးအသင်းရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကလည်း “အမေရိကအတွက် ဒီလောက်အထိကောင်းမွန်တဲ့ ဂုဏ်ယူမှုတစ်ခုကို စွမ်းဆောင်ပေးခဲ့တာတောင်မှ ဝမ်းနည်းစရာကောင်းတဲ့ မေးခွန်းတစ်ခုက ရှင်းရှင်းလင်းလင်းကြီး ရှိနေဆဲပါ။ ဒီကစားသမားတွေကတစ်ဆင့် ကွင်းဝင်ကြေးတွေ ပိုရတယ်။ ရုပ်သံကြည့်ရှုနှုန်းပိုများခဲ့ပေမယ့် သူတို့ပြန်ရတဲ့ပိုက်ဆံက နည်းနည်းလေးပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ကအမျိုးသမီးတွေမို့လို့ပါ။ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ဒီလိုမျိုး မမျှတတဲ့ ကိစ္စရပ်တွေကို အမှန်ကန်ဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။” ဟုလည်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ဥက္ကဌဖြစ်သူ အင်ဖန်တီနိုတစ်ယောက် အမေရိကန်အမျိုးသမီးအသင်းကို ဆုချီးမြှင့်ရန်အတွက် ကွင်းအတွင်းဝင်ရောက်လာချိန်၌လည်း ပရိသတ်များက “Equal Pay” ဟု သံပြိုင်အော်ဟစ်ခဲ့ကြပါသေးတယ်။ ပြီးခဲ့သည့်သောကြာနေ့ကလည်း အင်ဖန်တီနိုက အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပိုမိုများပြားသည့် ဆုကြေးငွေပမာဏကို တောင်းခံခဲ့ပေမယ့် လက်ရှိအချိန်အထိ အမျိုးသားဘောလုံးသမားများရရှိသည့် ဆုကြေးထက်များစွာ နည်းပါးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ကွန်ဂရက်လွှတ်တော်မှ အဖွဲ့ဝင်အယောက် (၅၀) ကျော်ကလည်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်ထံသို့ စာရေးသားပြီး အမျိုးသမီးများအတွက် လုပ်ခလစာတန်းတူ ခံစားခွင့်ရရှိရေး တောင်းဆိုခဲ့သေးကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

“Equal Pay” အတြက္ ဝုိင္းဝန္းေတာင္းဆုိခ့ဲၾကသည့္ အမ်ိဳးသမီးကမာၻ႕ဖလားၿပိဳင္ပြဲမွ ပရိသတ္မ်ား။

- Advertisement -

မေန႔ညက ကစားခ့ဲသည့္ အမ်ိဳးသမီးကမာၻ႕ဖလား ဗိုလ္လုပြဲအၿပီး၌ ကြင္းအတြင္းရွိပရိသတ္မ်ားသည္ အမ်ိဳးသမီးေဘာလံုးသမားမ်ားကို အမ်ိဳးသားမ်ားနဲ႔တန္းတူ လုပ္ခလစာ ခံစားခြင့္ေပးရန္ ဝုိင္းဝန္းေတာင္းဆုိခ့ဲၾကေၾကာင္း သိရွိရပါတယ္။ အေမရိကန္အမ်ိဴးသမီးအသင္းက နယ္သာလန္အမ်ိဳးသမီးအသင္းကို ၂-၀ ဂုိးျဖင့္ အႏုိင္ရရွိကာ ဗိုလ္စြဲခ့ဲၿပီးေနာက္ ပရိသတ္မ်ားက “Equal Pay” အတြက္ သံၿပိဳင္ေၾကြးေၾကာ္ေအာ္ဟစ္ခ့ဲၾကျခင္းျဖစ္ပါတယ္။
လက္ရွိအမ်ိဳးသမီးကမာၻ႕ဖလားၿပိဳင္ပြဲ၌ ဗုိလ္စြဲခ့ဲသည့္ အေမရိကန္အမ်ိဳးသမီးအသင္းသည္ ၿပီးခ့ဲသည့္ ကမာၻ႕ဖလားၿပိဳင္ပြဲ၌ ေျခစစ္ပြဲမေအာင္ျမင္ခ့ဲသည့္ အေမရိကန္အမ်ိဳးသားအသင္းထက္ပါ လုပ္ခလစာ ပိုမိုနည္းပါးေနၿပီး အဆုိပါျဖစ္ရပ္နဲ႔ပတ္သက္၍လည္း အေမရိကန္အမ်ိဳးသမီးလက္ေရြးစင္ အသင္းေခါင္းေဆာင္ရာပီႏိုးနဲ႔ အေမရိကန္သမၼတတို႔အၾကား စကားလံုးတိုက္ပြဲမ်ားလည္း ျပင္းထန္စြာ ျဖစ္ပြားခ့ဲပါေသးတယ္။
ေနာက္ဆံုးရရွိထားသည့္အခ်က္အလက္မ်ားအရ အမ်ိဳးသမီးေဘာလံုးပြဲမ်ားမွတစ္ဆင့္ ရရွိခ့ဲသည့္ ကြင္းဝင္ေၾကး ပမာဏဟာ ေဒၚလာ (၅၀.၈) သန္းအထိရွိခ့ဲၿပီး အဆုိပါပမာဏသည္ အမ်ိဳးသားေဘာလံုးပြဲမ်ားမွ ရရွိခ့ဲသည့္ ကြင္းဝင္ေၾကး ေဒၚလာ (၄၉.၉) သန္းထက္ပိုမုိမ်ားေနသည့္ ပမာဏလည္းျဖစ္ပါတယ္။ ဒါေပမယ့္ New York Times မဂၢဇင္းရဲ႕ေဖာ္ျပခ်က္အရ အမ်ိဳးသမီးကမာၻ႕ဖလားၿပိဳင္ပြဲရဲ႕ဆုေၾကးက ေဒၚလာသန္း (၃၀) သာရွိေနၿပီး ၿပီးခ့ဲသည့္ (၂၀၁၈) ခုႏွစ္ ကမာၻ႕ဖလားၿပိဳင္ပြဲရဲ႕ ဆုေၾကးက ေဒၚလာသန္း (၄၀၀) အထိ ရွိခ့ဲျခင္းလည္းျဖစ္ပါတယ္။

Molly Levinson ဟုအမည္ရသည့္ အေမရိကန္အမ်ိဳးသမီး ေဘာလံုးအသင္းရဲ႕ ေျပာေရးဆုိခြင့္ရ ပုဂၢိဳလ္တစ္ဦးကလည္း “အေမရိကအတြက္ ဒီေလာက္အထိေကာင္းမြန္တ့ဲ ဂုဏ္ယူမႈတစ္ခုကို စြမ္းေဆာင္ေပးခ့ဲတာေတာင္မွ ဝမ္းနည္းစရာေကာင္းတ့ဲ ေမးခြန္းတစ္ခုက ရွင္းရွင္းလင္းလင္းႀကီး ရွိေနဆဲပါ။ ဒီကစားသမားေတြကတစ္ဆင့္ ကြင္းဝင္ေၾကးေတြ ပိုရတယ္။ ရုပ္သံၾကည့္ရႈႏႈန္းပိုမ်ားခ့ဲေပမယ့္ သူတုိ႔ျပန္ရတ့ဲပုိက္ဆံက နည္းနည္းေလးပါပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔ကအမ်ိဳးသမီးေတြမို႔လို႔ပါ။ အဖြဲ႕အစည္းတစ္ခုလံုးအေနနဲ႔ ဒီလုိမ်ိဳး မမွ်တတ့ဲ ကိစၥရပ္ေတြကို အမွန္ကန္ဆံုးျဖစ္ေအာင္ ျပင္ဆင္သင့္ပါတယ္။” ဟုလည္း မွတ္ခ်က္ျပဳေျပာၾကားခ့ဲပါတယ္။

ကမာၻ႕ေဘာလံုးအဖြဲ႕ခ်ဳပ္ (ဖီဖာ) ရဲ႕ ဥကၠဌျဖစ္သူ အင္ဖန္တီႏိုတစ္ေယာက္ အေမရိကန္အမ်ိဳးသမီးအသင္းကို ဆုခ်ီးျမွင့္ရန္အတြက္ ကြင္းအတြင္းဝင္ေရာက္လာခ်ိန္၌လည္း ပရိသတ္မ်ားက “Equal Pay” ဟု သံၿပိဳင္ေအာ္ဟစ္ခ့ဲၾကပါေသးတယ္။ ၿပီးခ့ဲသည့္ေသာၾကာေန႔ကလည္း အင္ဖန္တီႏိုက အမ်ိဳးသမီး ကမာၻ႕ဖလားၿပိဳင္ပြဲအတြက္ ပိုမိုမ်ားျပားသည့္ ဆုေၾကးေငြပမာဏကို ေတာင္းခံခ့ဲေပမယ့္ လက္ရွိအခ်ိန္အထိ အမ်ိဳးသားေဘာလံုးသမားမ်ားရရွိသည့္ ဆုေၾကးထက္မ်ားစြာ နည္းပါးေနဆဲျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္မွ အဖြဲ႕ဝင္အေယာက္ (၅၀) ေက်ာ္ကလည္း အေမရိကန္ေဘာလံုးအဖြဲ႕ခ်ဳပ္ထံသို႔ စာေရးသားၿပီး အမ်ိဳးသမီးမ်ားအတြက္ လုပ္ခလစာတန္းတူ ခံစားခြင့္ရရွိေရး ေတာင္းဆုိခ့ဲေသးေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Buzzfeed

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − 2 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...