HomeLifeStyleကမ္ဘာ့စံချိန်အသစ်တင်ခဲ့တဲ့ ရေငုပ်သမား ၆၃၃ ယောက်။

ကမ္ဘာ့စံချိန်အသစ်တင်ခဲ့တဲ့ ရေငုပ်သမား ၆၃၃ ယောက်။

- Advertisement -

ပြီးခဲ့တဲ့ရက်အချို့က ရေငုပ်သမား ၆၃၃ ယောက်ဟာ ဖလော်ရီဒါမှာရှိတဲ့ Deerfield အမည်ရှိ ပင်လယ်ကမ်းခြေအနီးတစ်ဝိုက်နဲ့ ပင်လယ်ရေမျက်နှာပြင်အောက်ခြေရှိ စွန့်ပစ်အမှို်က်တို့ကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ CNN သတင်းဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ အဆိုပါ ရေငုပ်သမားအဖွဲ့ကြီးဟာ ပင်လယ်ထဲမှ ပေါင် (၁၀၀၀) ကျော် အလေးချိန်ရှိ အမှိုက်သရိုက်တို့ကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပြီး ပင်လယ်ရေအောက်မျက်နှာပြင် ရှင်းလင်းအားထုတ်မှုအတွက် ဂင်းနစ်စံချိန်အသစ် တင်ခဲ့ပါတယ်။

ABC သတင်းဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ အဆိုပါ စုပေါင်းလှုပ်ရှားမှုအစီအစဉ်ကြီးကို ဒေသခံ အပျော်တမ်း ရေငုပ်သမားတွေမှ စတင်ကာ စုပေါင်းလှုပ်ရှားခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း Arillton Pavan လို့ခေါ်တဲ့ ရေငုပ်သမားမှ ဦးဆောင်ပြီး ရေငုပ်သမားစုစုပေါင်း ၆၁၄ ယောက်တို့ဖြင့် ပင်လယ်နီထဲရှိ စွန့်ပစ်အမှိုက်တွေကို စုပေါင်း ဖယ်ရှားရှင်းလင်းမှုမျိုး လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်နိုင်ဖို့အတွက် ကြိုးစားခဲ့ဖူးပါတယ်။

- Advertisement -

ရေငုပ်သမားတွေမှ ဥရောပနဲ့ တောင်အမေရိကမှာရှိတဲ့ အပျော်တမ်းရေငုပ်သမားတွေကို Deerfield ပင်လယ်ကမ်းခြေသို့ဖိတ်ခေါ်ပြီး အဆိုပါအစီအစဉ်ကို ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ အခုလိုမျိုး ဂင်းနစ်စံချိန်ဝင်နိုင်ရန်အတွက် ရေငုပ်သမားတွေဟာ အမှန်တကယ် ရေငုပ်သမားတွေဖြစ်တဲ့အကြောင်းကို သက်သေပြကြရတဲ့အပြင် ရေငုပ်ဝတ်စုံအပြည့်အစုံနဲ့ အကူကိရိယာတွေနဲ့အတူ အနည်းဆုံး (၁၅)မိနစ်ကြာအောင် ရေငုပ်ကာ စွန့်ပစ်အမှိုက်တွေကို ရှာဖွေစုဆောင်းရမှာပဲဖြစ်ပါတယ်။ အကဲဖြတ်လူကြီးဖြစ်တဲ့ Michael Empric မှ ကိုယ်တိုင်ကိုယ်ကျ စီစစ်ပြီး အကဲဖြတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

(၂) နာရီဆိုတဲ့အချိန်အတောအတွင်း ရေငုပ်သမားတွေဟာ စွန့်ပစ်အမှိုက်စုစုပေါင်း ၁၆၂၆ ပေါင်ကို ပင်လယ်ရေမျက်နှာပြင်မှ ဆွဲတင်စုဆောင်းနိုင်ခဲ့ပါတယ်။ ထုတ်ပြန်ကြေငြာချက်တစ်ခုအရ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ထဲသို့ နှစ်စဉ်နှစ်တိုင်း စွန့်ပစ်ပစ္စည်း ပေါင်ချိန်စုစုပေါင်း ၁၄ ဘီလီယမ်ကျော်အထိ စွန့်ပစ်လျက်ရှိနေကြောင်း သိရှိရပါတယ်။ စွန့်ပစ်ပစ္စည်းအများစုကတော့ ပလပ်စတစ်တွေဖြစ်ပြီး သန္တကျောက်တန်းတွေသာမက ရေနေသတ္တဝါလေးတွေရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်လျက်ရှိနေပါတယ်။ အခုပြုလုပ်ခဲ့တဲ့ Deerfield ပင်လယ်ကမ်းခြေအတွင်း စွန့်ပစ်အမှိုက်တွေ ရှင်းလင်းတဲ့နေရာမှာတော့ ရေငုပ်သမားတွေအနေနဲ့ အများဆုံး ပလပ်စတစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

- Advertisement -

 

Source ~ Hzeppfeed

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × three =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...