HomeOtherအသက် ၁၁နှစ်အရွယ်ကောင်လေးရဲ့ သတိပေးစာတိုလေးကြောင့် ကမောက်ကမဖြစ်ခဲ့ရတဲ့ လေယာဉ်။

အသက် ၁၁နှစ်အရွယ်ကောင်လေးရဲ့ သတိပေးစာတိုလေးကြောင့် ကမောက်ကမဖြစ်ခဲ့ရတဲ့ လေယာဉ်။

- Advertisement -

လွန်ခဲ့တဲ့ရက်မှာ စပိန်နိုင်ငံ Fuerteventura ကနေ ထွက်ခွာတော့မယ့် ခရီးသည် ၁၈၀ဦး စီးနင်းလိုက်ပါလာတဲ့လေယာဉ်ဟာ ထွက်ခါနီးမှာပဲ ပြဿနာတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာတဲ့ အသက် ၁၁ နှစ်အရွယ်ကောင်လေးတစ်ဦးက လေယာဉ်ပေါ်မှာ ဗုံးပါလာကြောင်း ရေးထားတဲ့ စာတိုကို သူ့အနားမှာရှိတဲ့လူတစ်ဦးကို ပေးခဲ့တာဖြစ်ပါတယ်။ ထိုလူကလည်း အဆိုပါစာတိုကို လေယာဉ်မထွက်ခင် လေယာဉ်မှူးလက်ထဲရောက်မှ ဖြစ်မယ်ဆိုတဲ့အတွေးနဲ့ လေယာဉ်မယ်ကနေတစ်ဆင့် လေယာဉ်မှူးလက်ထဲကို အရောက်ထည့်ပေးခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးကလည်း ထိုစာတိုကို ရတာနဲ့ ခရီးသည်တွေကိုလေယာဉ်ပေါ်ကနေဆင်းခိုင်းပြီး မီးသတ်ဌာနတွေ၊ ရဲဌာနတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။

Daily Mail သတင်းဌာနရဲ့ ပြောကြားချက်အရတော့ ထိုကလေးငယ်လေးပေးခဲ့တဲ့ စာတိုလေးရဲ့အဆုံးမှာ “အကြမ်းဖက်သမား” ဆိုတဲ့ စာစုလေးပါနေတာကြောင့် အားလုံးက စိုးရိမ်သွားကြတာပဲဖြစ်ပါတယ်။ ပြည်တွင်းရဲတပ်ဖွဲ့တွေက လေယာဉ်ရပ်ထားတဲ့နေရာကို ရောက်တာနဲ့ ဗုံးရှာဖွေမှုကိုစတင်ပြုလုပ်ခဲ့ကြသော်လည်း မည်သည့်ဗုံးမှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ ထို့နောက် ထိုကလေးငယ်နဲ့ သူ့ရဲ့မိဘတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ ဒါဟာ စနောက်ခြင်း သက်သက်သာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အကယ်၍သာ ထိုသို့သော ကိစ္စနဲ့ပတ်သက်ပြီး စနောက်တဲ့သူဟာ အရွယ်ရောက်နေတဲ့ လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ ထိုလူဟာ  ထောင်နန်းစံရမှာ ကျိန်းသေပဲဖြစ်ပါတယ်။ သို့သော်လည်း ယခုအချိန်မှာ ထိုစနောက်ခြင်းနဲ့ပတ်သက်ပြီး ကလေးငယ်နဲ့သူ့ရဲ့မိဘနှစ်ဦးကို ဘယ်လိုအရေးယူမလဲဆိုတာကိုတော့ တိကျသေချာစွာ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ စစ်ဆေးရှာဖွေမှုကြီး ပြီးစီးသွားပြီးနောက်မှာတော့ Santiago ကို  ချောချောမွေ့မွေ့ ဆိုက်ရောက်လာပါတော့တယ်။

- Advertisement -

ဂျူလိုင်လ အစမှာလည်း Machester ကနေ Pakistan ကို ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ ထိုသို့သော ပြဿနာတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးက သန့်စင်ခန်းကိုလိုက်ရှာရင်း လေယာဉ်ပေါ်က အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်မိခဲ့တာပဲဖြစ်ပါတယ်။

လေယာဉ်ဟာ မိုးကောင်းကင်ယံမှာ ပျံသန်းရတဲ့ ခရီးသွားယာဉ်ဖြစ်တဲ့အတွက် အခြားသော ယာဉ်တွေထက်ကိုပိုပြီး သတိထားရတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လေယာဉ်နဲ့ခရီးသွားရတဲ့သူတွေ အနေနဲ့ ဒီလိုမျိုးဖြစ်ရပ်တွေ မကြုံရအောင် အထူးသတိထားသင့်ပါတယ်။

- Advertisement -

 

 

Source ~ LAD Bible

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 3 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...