HomeSportကမ္ဘာ့ တင်းနစ်အကျော်အမော် Venus Williams ကို ပထမတစ်ချီမှာပဲ အနိုင်ပိုင်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေး။

ကမ္ဘာ့ တင်းနစ်အကျော်အမော် Venus Williams ကို ပထမတစ်ချီမှာပဲ အနိုင်ပိုင်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေး။

- Advertisement -

အခြားသော ၁၅နှစ်အရွယ် ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ အားလပ်ချိန်တွေကို  ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ အချိန်မှာ ၁၅နှစ်အရွယ် တင်းနစ်ကစားသမားလေးဖြစ်တဲ့ Cori Coco Gauff ကတော့ သူမရဲ့ အိမ်မက်ကို အကောင်ထည်ဖော်ဖို့ရာ အစွမ်းကုန်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဂျူလိုင် ၁ရက်နေ့က Wimbledon မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တင်းနစ်ပြိုင်ပွဲမှာ Cori က တင်းနစ်အကျော်အမော် Venus ကို ပထမအချီမှာတင် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အနိုင်ရရုံတင်မကဘဲ ကိုယ်ပိုင်သမိုင်းမှတ်တိုင်တစ်ခုကိုပါ ကိုယ်တိုင်စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက Cori ဟာ Wimbledon မှာ ပြုလုပ်တဲ့ တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးသော တင်းနစ်ကစားသမားဖြစ်ပြီး Venus ကို ၆-၄ မှတ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ The Guardian သတင်းဌာနနဲ့  ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Cori က “ကျွန်မ ခုလိုပြိုင်ပွဲမျိုးမှာ အနိုင်ရရှိခဲ့လို့ ငိုတာဟာ ဒါပထမဦးဆုံးပါ။ ကျွန်မရဲ့ခံစားချက်ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိပါဘူး။ Venus Williams နဲ့ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို  ပျော်ရွှင်ရပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ယခုလိုမျိုး တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာဟာ Cori အတွက် အထူးအခွင့်အရေးကောင်းတစ်ခုဖြစ်ခဲ့ပြီး သူမဟာ သူမရဲ့လုပ်နိုင်စွမ်းကို အစွမ်းကုန်ထုတ်သုံးခဲ့ကာ အခွင့်အရေးကိုအမိအရ ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Wimbledon မှာ အငယ်တန်း တင်းနစ်ကစားသမားတွေအတွက် ကျင်းပပြုလုပ်ခဲ့တဲ့ တင်းနစ်ပြိုင်ပွဲ အတောအတွင်းတုန်းကလည်း Cori ဟာ French Open အမျိုးသမီးချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခုဆိုရင်တော့ Cori ဟာ ကမ္ဘာ့တင်းနစ်ကစားသမားအဆင့် ၂၉၉ မှာ ရပ်တည်နိုင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ် တင်းနစ်ကစားသမားတွေနဲ့ယှဉ်လိုက်ရင် အတော်ဆုံးဖြစ်တယ်လို့ အသိအမှတ်ပြုခံထားရသူတစ်ယောက် တစ်ယောက်ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...