HomeEntertainmentOld Town Road သီချင်းနဲ့ နာမည်ကြီးလာတဲ့ Lil Nas X ရဲ့ လိင်ပိုင်းဆိုင်ရာခံယူချက်။

Old Town Road သီချင်းနဲ့ နာမည်ကြီးလာတဲ့ Lil Nas X ရဲ့ လိင်ပိုင်းဆိုင်ရာခံယူချက်။

- Advertisement -

Rap အဆိုတော်တစ်ယောက်ဖြစ်သည့် Lil Nas X က သူ့အနေနဲ့ LGBT (လိင်တူချစ်သူများ) အတွက် ဂုဏ်ပြုထားသည့် အချိန်ကာလ မကုန်ဆုံးခင် သူ့ရဲ့ လိင်ပိုင်းဆိုင်ရာခံယူချက်နဲ့ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ပြောကြားလိုသည့် ဆန္ဒရှိကြောင်းဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ လက်ရှိအချိန်၌မူ Lil Nas X က သူ့ရဲ့တွစ်တာ စာမျက်နှာမှတစ်ဆင့် “တချို့က သိထားပြီးဖြစ်သလို တချို့ကလည်း ဂရုမစိုက်ကြပါဘူး။ ဒါပေမယ့် ဒီလမကုန်ခင် ကျွန်တော့်ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ပြောပြချင်တာတွေရှိတာကြောင့် c7osure ဆိုတဲ့သီချင်းကို ခင်ဗျားတို့ အားလုံးကို နားထောင်စေချင်ပါတယ်။” ဟု Rainbow Emoji ကို သုံးနှုန်းကာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် Lil Nas X က သူ့ရဲ့ အဆိုပါသီချင်းနဲ့ ပတ်သက်သည့် ဗီဒီယိုဖိုင်တစ်ခုကို ပရိသတ်များထံ မျှဝေခဲ့ပြီး အဆိုပါသီချင်းထဲမှ စာသားများသည် လိင်တူချစ်သူများအပေါ် အားပေးထောက်ခံသည့် သီချင်းစာသားများဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် Lil Nas X အနေနဲ့ သူ့အခွေအယ်လ်ဘမ်ကို ဓာတ်ပုံရိုက်ကာ သက်တံ့ရောင်ပါဝင်သည့် ဒုတိယမြောက်ပုံကို Zoom ဆွဲပြီး တွစ်တာစာမျက်နှာပေါ်၌ တင်ထားခဲ့ခြင်းကြောင့် Lil Nas X အနေနဲ့ အမှန်တကယ်ပင် လိင်တူချစ်သူဖြစ်နေပြီဟု ပရိသတ်များက ကောက်ချက်ချနေပြီလည်း ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

- Advertisement -




<Zawgyi Version>

 

Source ~ Sky News

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read