HomeEntertainmentTom Cruise ကို နောက်ပြောင်စိန်ခေါ်ခဲ့သည့် Justin Bieber တစ်ယောက် အမှန်တကယ်ကြိုးဝိုင်းအတွင်းဝင်ရတော့မလား ? ? ?

Tom Cruise ကို နောက်ပြောင်စိန်ခေါ်ခဲ့သည့် Justin Bieber တစ်ယောက် အမှန်တကယ်ကြိုးဝိုင်းအတွင်းဝင်ရတော့မလား ? ? ?

- Advertisement -

ပြီးခဲ့သည့်လအတွင်း၌ Justin Bieber သည် သူ့ရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် UFC President ဖြစ်သူ Dana White ကို Tag တွဲကာ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီးဖြစ်သည့် Tom Cruise နဲ့ ကြိုးဝိုင်းအတွင်း ထိုးသတ်လိုကြောင်း စိန်ခေါ်ခဲ့ပါတယ်။ Justin က “အော်တဂွန်မှာ Tom Cruise နဲ့ထိုးဖို့ ကျွန်တော် စိန်ခေါ်လိုပါတယ်။ Tom ရေ၊ ခင်ဗျား ဒီစိန်ခေါ်မှုကို လက်မခံဘူးဆိုရင် ခင်ဗျားကြောက်တယ်လို့ သတ်မှတ်မှာဖြစ်ပြီး ခင်ဗျားဒါကိုဘယ်တော့မှ ဖျောက်ဖျက်ရမှာ မဟုတ်ပါဘူး။ ဘယ်သူကရောဒီပွဲကို ထိုးစေချင်လဲ? Dana White လား။” ဟုရေးသားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းတွင်မူ Justin ကသူ့အနေနဲ့ စနောက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ Tom Cruise က တစ်ချက်ကကန်လိုက်ရင် ဝှီးခနဲ လွင့်ထွက်သွားနိုင်ကြောင်းပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် Danna White ကမူ အဆိုပါပွဲကို ဖြစ်မြောက်စေချင်ပြီး “ကို့ရို့ကားယား ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။” ဟု အဆိုပါကိစ္စနဲ့ပတ်သက်၍ မှတ်ချက်ပေးပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာလည်း စတန့်မင်းသားတစ်ယောက်ဖြစ်သည့် Steve- O က “ကျွန်တော့်ရဲ့ ရေရှည်အနာဂတ်အတွက် ကြိုးဝိုင်းဖိုက်တာ တစ်ယောက်ဖြစ်ချင်ပြီး Justin အနေနဲ့ သူနဲ့ထိုးဖို့ မသင့်တော်တဲ့လူကို ခေါ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။”

- Advertisement -

“Tom က အခုဆို (၅၆) နှစ်လောက်ရှိပြီး ကျွန်တော်ကတော့ (၄၅) နှစ်ပဲရှိပါသေးတယ်။ ကျွန်တော် Danna White နဲ့ စကားနည်းနည်းပြောဖြစ်ခဲ့ပြီး သူကလည်း Tom Cruise သာ ကြိုးဝိုင်းထဲ မဝင်ခဲ့ဘူးဆိုရင် တစ်ယောက်ယောက်က Justin နဲ့ထိုးဖို့ ကြိုးဝိုင်းထဲဝင်ရမှာဖြစ်ပြီး အဲ့ဒီတစ်ယောက်က ကျွန်တော်ပဲ ဖြစ်ပါလိမ့်မယ်။” ဟုလည်း ထပ်လောင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ Tom Cruise ကို အွန်လိုင်းပေါ်၌ နောက်ပြောင်စိန်ခေါ်ခဲ့သည့် Justin Bieber အနေနဲ့ အမှန်တကယ်ကြိုးဝိုင်းအတွင်းကို ဝင်ရတော့မလား စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရတော့မည်ဖြစ်ပါတယ်။

- Advertisement -

 

Source ~ Unilad

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen + twenty =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...