HomeEntertainmentအွန်လိုင်းပေါ်၌ ခေတ်စားလာသည့် Bottle Cap Challenge ၌ Jason Statham နဲ့ McGregor တို့လည်း ပါဝင်လာ။

အွန်လိုင်းပေါ်၌ ခေတ်စားလာသည့် Bottle Cap Challenge ၌ Jason Statham နဲ့ McGregor တို့လည်း ပါဝင်လာ။

- Advertisement -

MMA ဖိုက်တာတစ်ယောက်ဖြစ်သည့် Max Holloway သည် သူ့ရဲ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ  ထောင်ထားသည့် ပုလင်းကိုမလဲကျသွားစေဘဲ ပုလင်းအဖုံးကို ကန်ဖွင့်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့တွစ်တာစာမျက်နှာ၌ တင်ထားခဲ့ပြီး အခြားသောပုဂ္ဂိုလ်များကိုလည်း သူ့ရဲ့ Challenge ၌ ပါဝင်လာစေရန် စိန်ခေါ်ခဲ့ပါတယ်။ Max အနေနဲ့ John Mayer တို့ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များကိုပါ Tag တွဲကာ စိန်ခေါ်ခဲ့ပြီး ယခုအတိုင်း မလုပ်နိုင်ခဲ့ပါက John Mayer အနေနဲ့ ဟာဝိုင်အီကို လာရောက်ပြီး  လေ့ကျင့်ရမည်ဖြစ်ကြောင်းလည်း နောက်ပြောင်ရေးသားခဲ့ပါတယ်။

https://www.instagram.com/p/BzQsrP0h1Wp/

 

https://www.instagram.com/p/BzYX8hElPhB/

- Advertisement -

အဲ့ဒီနောက်တွင်မူ Fast and Furious ကြယ်ပွင့်တစ်ဦးဖြစ်သူ Jason Statham ကလည်း အဆိုပါ Challenge ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည့် ဗီဒီယိုကိုတင်ကာ အခြားသော ဟောလိဝုဒ်ကြယ်ပွင့်များကို နာမည်ကျော် Bottle Cap Challenge ကိုလိုက်လံပြုလုပ်စေရန်အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ လက်ရှိအချိန်၌မူ နာမည်ကျော် အိုင်ယာလန်ဖိုက်တာ တစ်ဦးဖြစ်သည့် McGregor ကလည်း အဆိုပါ Challenge ၌ပါဝင်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယို၌မူ ပုလင်းအဖုံးကို သူ့ရဲ့ တစ်ပတ်လည်ခြေကန်ချက်နဲ့အောင်မြင်စွာဖွင့်နိုင်ခဲ့ပြီးနောက် ရှန်ပိန်သောက်ကာ မိန့်မိန့်ကြီးပြုံးရင်း အောင်ပွဲခံနေဟန်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

https://www.instagram.com/p/BzY7DGrIe3s/

- Advertisement -

 

https://www.instagram.com/p/BzTzqhZFbg6/

 

https://www.instagram.com/p/Bzatt4EjecZ/

 

 

ဒါ့အပြင် McGregor အနေနဲ့ အဆိုပါဗီဒီယိုကို သူ့ရဲ့ တွစ်တာစာမျက်နှာမှတဆင့် ပရိသတ်များထံ မျှဝေခဲ့ပြီး  နောက်ထပ်လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်သည့် Mayweather ကို ဆက်လက်စိန်ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်၌မူ ပရိသတ်များအားလုံးကလည်း ယခု Challenge ၌ တကယ်ပဲ Mayweather တစ်ယောက် ပါဝင်လာတော့မည်လားဆိုခြင်းကို စိတ်ဝင်တစားစောင့်ကြည့်နေကြပြီလည်း ဖြစ်ပါတယ်။

 

- Advertisement -

Source ~ Unilad

#HM(1209Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + 7 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...