HomeOtherAnimalsနားမကြားသည့်အပြင် လမ်းပါပျောက်နေသည့်ခရီးသွားတစ်ဦးကို အံ့အားသင့်ဖွယ်ကယ်ဆယ်ခဲ့သည့် ခွေးလေး။

နားမကြားသည့်အပြင် လမ်းပါပျောက်နေသည့်ခရီးသွားတစ်ဦးကို အံ့အားသင့်ဖွယ်ကယ်ဆယ်ခဲ့သည့် ခွေးလေး။

- Advertisement -

နားမကြားသည့် အသက် (၂၁) နှစ်အရွယ် Amelia Milling ဆိုတဲ့မိန်းကလေးဟာ အလက်စကာဒေသ၌ တစ်ကိုယ်တော်ခရီးထွက်ရင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အဖြူရောင်မြေခွေးတစ်ကောင်က သူမအား ကယ်ဆယ်ခဲ့ကြောင်းသိရှိရပါတယ်။ အမြင့်ပေ (၃၀၀) ခန့်မြင့်မားသည့် တောင်ပေါ်မှ ပြုတ်ကျခဲ့ကာ ကြီးမားသောကျောက်တုံးများနဲ့ ထိခိုက်မိခဲ့ပြီးနောက် သူမရဲ့သံလိုက်အိမ်မြောင်ကလည်း ပျက်စီးနေခဲ့ပြီး လမ်းပျောက်နေသည့် သူမကို အဖြူရောင် Husky မျိုးစိတ်ခွေးလေးတစ်ကောင်မှ ကယ်ဆယ်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး Milling က “စစချင်းတော့ကျွန်မက သူ့ကို မြေခွေးလို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် သူ့ရဲ့ခွေးလည်ပတ်ကို မြင်သွားတော့မှ သူကျွန်မကို ကူညီဖို့ ရောက်လာတယ်ဆိုတာကို ကျွန်မသိလိုက်ရပါတယ်။ ကျွန်မတစ်ညလုံး သူနဲ့အတူရှိနေခဲ့ပြီး နောက်တစ်နေ့မနက် ကျွန်မက ရွက်ဖျင်တဲအပြင်ဘက်ကို ထွက်လိုက်တော့ သူကခရီးဆက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

ဒါ့အပြင် Milling အနေနဲ့ လမ်းခရီး၌ မြစ်တစ်ခုကို ကျော်ဖြတ်ရင်း ရေစီးနဲ့မျောပါသွားတော့မလိုဖြစ်ခဲ့ပေမယ့် အဆိုပါခွေးလေးက Milling ကို အလျင်အမြန်ဆွဲထားနိုင်ခဲ့ပြီး ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ကုန်းမြေသို့ရောက်ရှိချိန်၌မူ GPS မှတစ်ဆင့် သူမရဲ့ တည်နေရာကို နီးစပ်ရာသက်ဆိုင်ရာများဆီသို့ အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးအတွက်အကူအညီတောင်းခံခဲ့ရာမှတစ်ဆင့် အခုလိုပဲ ဘေးကင်းကင်းနဲ့ ကယ်ဆယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

Milling သည်အဆိုပါ ခွေးလေးကို သူမနဲ့တစ်ပါတည်း ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ပေမယ့် Milling ကို ကယ်ဆယ်ခဲ့သည့် ကယ်ဆယ်ရေးအရာရှိ Eric Olsen က ခွင့်မပြုခဲ့ဘဲ ခွေးလေးကို သူ့ရဲ့လည်ပတ်မှာ ပါရှိသည့် နေရပ်လိပ်စာအတိုင်း ပြန်လည်ပို့ဆောင်ပေးရန် ပြင်ဆင်ခဲ့ပါတယ်။

Olsen ကလည်း အသက် (၇) နှစ်အရွယ် အဆိုပါခွေးလေးကို Girdwood ဒေသရှိ သူ့ရဲ့နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သခင်ဖြစ်သူ Scott Swift လက်ထဲသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင်အဆိုပါခွေးလေးသည် လွန်ခဲ့သည့် ၂ နှစ်ကလည်း ယခုကဲ့သို့ပင် မြစ်ထဲသို့မျောပါသွားသည့် မိန်းကလေးတစ်ဦးကို ကယ်ဆယ်ခဲ့ဖူးကြောင်းလည်း ထူးထူးခြားခြား သိရှိခဲ့ရပါသေးတယ်။

<Unicode Version>

 

#soshwe

#soshweanimal

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine + 17 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...