HomeEntertainmentTaylor Swift ကို ပြန်လည်တောင်းပန်ခဲ့ရသည့် Justin Bieber

Taylor Swift ကို ပြန်လည်တောင်းပန်ခဲ့ရသည့် Justin Bieber

- Advertisement -

နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သည့် Justin Bieber သည် သူ့ရဲ့မန်နေဂျာဖြစ်သူ Scooter Braun နဲ့ပတ်သက်ပြီး Taylor Swift ကို တောင်းပန်ပြောကြားမှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရပါတယ်။ Taylor သည်သူမရဲ့ Tumblr ပို့စ်မှတစ်ဆင့် အသက် (၃၈) နှစ်အရွယ် Braun အနေနဲ့ သူမအပေါ်  လှောင်ပြောင်အနိုင်ကျင့်ရန်အတွက် Justin နဲ့ Kanye West တို့ကို အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

Taylor က “ကျွန်မအနေနဲ့ နှစ်ပေါင်းများစွာကြာအောင် လှောင်ပြောင်ဝေဖန်မှုတွေကို ဆက်တိုက်ခံစားခဲ့ရပြီး Braun က သူ့ရဲ့ အလုပ်ရှင်နှစ်ယောက်ဖြစ်တဲ့ Justin နဲ့ Kanye West တို့ကို အသုံးချရင်း ကျွန်မကို အွန်လိုင်းပေါ်မှာဆက်ပြီး ဒုက္ခပေးနေပါတယ်။” ဟု Famous သီချင်းထဲမှ Kanye West ရဲ့ သီချင်းစာသားက သူမကိုတိုက်ခိုက်နေကြောင်း သွယ်ဝိုက်ရေးသားခဲ့ပြီး (၂၀၁၆) ခုနှစ်၊ သြဂုတ်လက Justin ရဲ့ အင်စတာဂရမ်အကောင့်မှာ Justin နဲ့ Braun တို့ Video Chat နေတာကို Screenshot ရိုက်ပြီး အဆိုပါ ဓာတ်ပုံကို Justin က “Taylor swift what up” ဆိုသည့် Caption ဖြင့် တင်ထားသည့်ပို့စ်ကိုလည်း Taylor က ပြန် Share ကာ ဝေဖန်ခဲ့ပါသေးတယ်။

- Advertisement -

- Advertisement -

ဒါပေမယ့် Justin ကလည်း ချက်ချင်းဆိုသလိုပဲ သူနဲ့ Taylor တို့ အတူတွဲရိုက်ထားသည့် ဓာတ်ပုံကိုတင်ကာ “ဟေး Taylor ရေ။ အရင်ဆုံး ကျွန်တော်တင်ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး တောင်းပန်စကားပြောချင်ပါတယ်။ အဲ့ဒီအချိန်က ဘာမှမဟုတ်ဘူးလို့ထင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒီပို့စ်က လုံးဝကို အဓိပ္ပါယ်မရှိတဲ့ ပို့စ်တစ်ခုပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် “Taylor swift what up” ဆိုတဲ့စာသားကို ဒီအတိုင်း သဘောရိုးရိုးနဲ့ သုံးခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကလည်း Braun ကကျွန်တော့်ကို ဒီလိုမလုပ်ဖို့ တားခဲ့ပါသေးတယ်။” ဟု  ရေးသားတောင်းပန်ခဲ့ပါတယ်။

- Advertisement -

Braun နဲ့ပတ်သက်၍လည်း Justin က “ကျွန်တော်နဲ့ Braun တို့ နှစ်ယောက်လုံးကလည်း Taylor ကို ချစ်ခင်ကြပြီး ဒီကိစ္စအတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အွန်လိုင်းပေါ်ကနေ ဖြေရှင်းတာမျိးတွေကို ကျွန်တော်မယုံကြည်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံး Taylor နဲ့ ဆွေးနွေးချင်ပြီးြ​ပဿနာတွေအပြင် နာကျင်မှုတွေ၊ ခံစားချက်တွေ အကြောင်းလည်း ပါတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံး Taylor ထိခိုက်နစ်နာနေစမယ့် အကြောင်းအရာမျိုးတွေကို ပြောမှာမဟုတ်ဘဲ  နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ လုပ်ပေးချင်ပါတယ်။” ဟု  ရေးသားခဲ့ကြောင်း သိရှိရပါတယ်။ Justin Bieber ရဲ့အဆိုပါပို့စ်ကို ဇနီးသည်ဖြစ်သူ Hailey Baldwin ကလည်း “လူကြီးလူကောင်းဆန်တယ်။” ဟုမှတ်ချက်ပေးခဲ့သလို Braun ရဲ့ ဇနီးသည်ဖြစ်သူ Yael Cohen ကလည်း အဆိုပါပို့စ်ကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ share ပြီး “Taylor Swift ရေ ငါမင်းနဲ့အချိန်မရွေး နှစ်ယောက်တည်း စကားပြောဖို့အဆင်သင့်ပဲ။” ဟု ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

 

Source ~ People Magazine

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read