အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်သူ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြောက်ကိုရီးယားနိုင်ငံရှိ စစ်မဲ့ဇုံ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးခြေချခဲ့သည့် အမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဗီဒီယိုတစ်ခု၌လည်း ဒေါ်နယ်ထရန့်က “ ခင်ဗျားနဲ့ တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပြီး ဒီနေရာမှာ ရှိနေတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ” ဟုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်လွှတ်တော်အမတ်တစ်ဦးကလည်း “ကျွန်တော်တို့က ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းစင်နယ်မြေဖြစ်စေချင်ပြီး အဲ့ဒီဒုံးပျံတွေကို လျှော့ချစေချင်ပါတယ်။ ဒါပေမယ့် ဒါကထင်သလောက်မလွယ်ကူဘဲ နောက်ထပ်ဆွေးနွေးမှုတွေ အများကြီး လုပ်ရဦးမှာပါ။” ဟု မှတ်ချက်ပြုပြောကြားသွားခဲ့ပါတယ်။
https://www.instagram.com/p/BzVEYBRA1-N/?utm_source=ig_embed&utm_campaign=embed_video_watch_again
ဒေါ်နယ်ထရန့်သည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ G20 အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီးနောက် သူ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကာ ကင်ဂျံအန်နဲ့လည်း တွေ့ဆုံခွင့်တောင်းခံခဲ့ကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာကတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။ ထရန့်သည်ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကိုရီးယားစစ်မဲ့ဇုံဒေသသို့ ရောက်ရှိခဲ့ပြီး လွတ်လပ်ရေးအိမ်တော်အတွင်း၌ ကင်ဂျုံအန်နဲ့ တစ်နာရီကြာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်မျဉ်းကို ပြန်လည်မကျော်ဖြတ်ခင်မှာလည်း ကင်ဂျုံအန်က ထရန့်ကို “ကျွန်တော်ခင်ဗျားနဲ့ ဒီမှာတွေ့ဖြစ်မယ်လို့မထင်ခဲ့ဘူး။” ဟု ပြောကြားသွားခဲ့ကြောင်းသိရှိရပါတယ်။ ထို့နောက်တွင်မူ ထရန့်က သူ့အား တွေ့ဆုံရန်ဖိတ်ကြားခဲ့သည့်အပေါ်၌လည်း ကင်ဂျုံအန်က “အရင်က နှစ်နိုင်ငံကြား ဘယ်လိုပဲတင်းမာတွေရှိခဲ့ပါစေ၊ အခုကျွန်တော်တို့က အနာဂတ်အသစ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အစည်းအဝေးတွေပြုလုပ်ပြီး ရှေ့ကိုဆက်သွားနေမှာပါ။” ဟု မှတ်ချက်ပေးသွားခဲ့ကြောင်း သိရှိရပါတယ်။
ဒေါ်နယ်ထရန့်နဲ့ကင်ဂျုံအန်တို့ နှစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲ၌ တွေ့ဆုံပြီးနောက်ပိုင်း ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။
Source ~ People Magazine
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share