HomeSportဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့နောက်ဆုံးအခြေအနေ။

ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့နောက်ဆုံးအခြေအနေ။

- Advertisement -

ယူနိုက်တက်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနိုဖာနန်ဒက်စ်အတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်းသိရှိရပါတယ်။ အဆိုပါပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမားကို ခေါ်ယူရန် ယူနိုက်တက်အသင်းအပြင် လီဗာပူး၊ စပါးအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိပြီး လက်ရှိနွေရာသီအပြောင်းအရွှေ့၌ အပြိုင်အဆိုင် ချဉ်းကပ်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

လက်ရှိအချိန်၌မူ အီတလီသတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့လိုအပ်နေသည့်ကွင်းလယ်တစ်နေရာအတွက် ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းက အခုထက် အနည်းငယ်ပိုမိုများပြားသည့်  ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းစေရန်ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ အဆိုပါသတင်းဌာနရဲ့  ဖော်ပြချက်အရလည်း စပို့တင်းလစ္စဘွန်းအသင်းသည် ဘရူနိုဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) အထိ အလိုရှိနေကြောင်း သိရှိရပါတယ်။

လက်ရှိနွေရာသီအပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းသည် ဒန်နီယဲယ်ဂျိမ်းစ်၊ ဝမ်ဘစ်ဆာကာတို့ကို ခေါ်ယူပြီးဖြစ်ရာ တတိယမြောက်ခေါ်ယူမှုအဖြစ် ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်အပြင် နယူးကာဆယ်အသင်းရဲ့ကွင်းလယ်ကစားသမား လောင်းစတပ်ဖ်၊ စပါးအသင်းက ထွက်ခွာရန်ဆန္ဒရှိနေသည့် အဲရစ်ဆင်တို့ကို ခေါ်ယူရန်လည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါတယ်။

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty − 11 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...