HomeSportကြယ်ပွင့်ကစားသမားတစ်ဦးကို နှစ်ရှည်စာချုပ်သက်တမ်းတိုးလိုက်သည့် ယူနိုက်တက်အသင်း။

ကြယ်ပွင့်ကစားသမားတစ်ဦးကို နှစ်ရှည်စာချုပ်သက်တမ်းတိုးလိုက်သည့် ယူနိုက်တက်အသင်း။

- Advertisement -

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသည် အသင်းရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သည့် ရပ်ရှ်ဖို့ဒ်ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်ဘောလုံးရာသီ၌ ရပ်ရှ်ဖို့ဒ်က အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့် စာချုပ်သက်တမ်းတိုးရန်အတွက်မူ ကလပ်အသင်းနဲ့ကစားသမားအကြား ခက်ခက်ခဲခဲ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရပါတယ်။

လက်ရှိအချိန်၌ ယူနိုက်တက်အသင်းသည် ရပ်ရှ်ဖို့ဒ်ကို မူလစာချုပ်ပါ သဘောတူညီမှုအတိုင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားပြီး အဆိုပါကစားသမားအနေနဲ့ အသင်းနဲ့ (၂၀၂၁) ခုနှစ်အထိ ဆက်ရှိနေတော့မည်ဖြစ်ပါတယ်။ ဒါ့အပြင် The Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို နောက်ထပ် (၄) နှစ်စာချုပ်သက်တမ်းတိုးရန်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီ၌ အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပွဲပေါင်း (၄၃) ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး (၁၂) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည့် ရပ်ရှ်ဖို့ဒ်အနေနဲ့ စာချုပ်သစ်အရ တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲရရှိမှာဖြစ်ပြီး အသင်းရဲ့ လစာအများဆုံးကစားသမားများထဲမှ တစ်ယောက်အဖြစ် ပါဝင်လာနိုင်တော့မည်လည်း ဖြစ်ပါတယ်။

 

- Advertisement -

Source ~ Sportsmole

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...