HomeEntertainmentအဆိုတော် Pink ရဲ့ ဖျော်ဖြေတင်ဆက်ပွဲအတွင်း ကလေးမွေးဖွားခဲ့တဲ့ အမျိုးသမီး။

အဆိုတော် Pink ရဲ့ ဖျော်ဖြေတင်ဆက်ပွဲအတွင်း ကလေးမွေးဖွားခဲ့တဲ့ အမျိုးသမီး။

- Advertisement -

ဇွန်လ ၂၅ ရက်နေ့က လီဗာပူးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Pink ရဲ့ တစ်ကိုယ်တော်  ဖျော်ဖြေတင်ဆက်ပွဲလေးဟာဆိုရင် Pink အတွက်ရော သူမရဲ့အမာခံပရိသတ်တစ်ဦးအတွက်ပါ အရမ်းကိုထူးခြားတဲ့ အမှတ်တရတစ်ခု ဖြစ်လာခဲ့ပါတယ်။

- Advertisement -

အသက် ၃၂ နှစ်အရွယ် Denise Jones ဆိုသူဟာ Pink ရဲ့ အမာခံပရိသတ်တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမဟာ ၃၇ ပတ်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ Pink ရဲ့  ဖျော်ဖြေတင်ဆက်ပွဲကို တက်ရောက်အားပေးခဲ့တာပဲဖြစ်ပါတယ်။ Denise ဟာ Pink ရဲ့ “Get the Party Started” ဆိုတဲ့ ပထမဦးဆုံးသောသီချင်းကို စဆိုတဲ့အချိန်မှာပဲ ကလေးမွေးဖွားဖို့အတွက် ရေမွှာပေါက်သွားတာပဲဖြစ်ပါတယ်။ Pink က စင်ပေါ်ကိုတက်လာပြီး ၄မိနစ်အကြာမှာပဲ သူမဟာ သူမရဲ့ရင်သွေးလေးကိုမွေးဖွားလို့ ပြီးသွားခဲ့ပါတယ်။

- Advertisement -

- Advertisement -

ဒါကိုကြားသိရတဲ့လူတွေအားလုံးဟာ အံ့အားသင့်သွားပြီး ဒီလိုဆူညံနေတဲ့ကြားမှာ ကလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့တဲ့ Denise ကိုလည်း အားလုံးက ချီးမွမ်းကြပါတယ်။ Denise က သူမရဲ့ သမီးလေးကို Dolly Louise လို့ အမည်ပေးဖို့စဉ်းစားထားခဲ့သော်လည်း Pink ရဲ့  ဖျော်ဖြေပွဲမှာ  မွေးဖွားဖြစ်ခဲ့တဲ့အတွက် သမီးလေးကို Dolly Pink လို့ပဲ အမည်ပေးလိုက်ပါတယ်။

 

Denise အနေနဲ့ကတော့ ကလေးမွေးလိုက်ရတဲ့အတွက် Pink ရဲ့တင်ဆက်မှုကို အဆုံးထိ မကြည့်လိုက်ရပေမဲ့လည်း သူမအတွက် ဒီဖြစ်ရပ်လေးဟာ ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရတစ်ခုအဖြစ် ကျန်ရှိနေတော့မှာပဲဖြစ်ပါတယ်။

 

Source ~ Mirror

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read