HomeEntertainmentRyan Murphy ရဲ့ The Prom ဇာတ်ကားထဲမှာ တွေ့မြင်ရတော့မယ့် Ariana Grande

Ryan Murphy ရဲ့ The Prom ဇာတ်ကားထဲမှာ တွေ့မြင်ရတော့မယ့် Ariana Grande

- Advertisement -

Netflix မှာ ထုတ်လွှင့်ပြသတဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အသည်းစွဲ ဇာတ်လမ်းတွဲဖြစ်တဲ့ Musical ဇာတ်လမ်းတွဲတွေကို Ryan Murphy က ထုတ်လုပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဂျွန်လ ၂၅ ရက်နေ့မှာတော့ Ariana Grande ဟာ Ryan Murphy ရဲ့ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ The Prom ဇာတ်ကားရဲ့အဆက် ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့သတင်း ထွက်ရှိလာတာပဲဖြစ်ပါတယ်။ Ariana ဟာ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရုံသာမက ဇာတ်ဝင်တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးဖွဲ့ သီဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ထိုဇာတ်ကားထဲမှာ Awkwafina ၊ Keegan-Michael Key နဲ့ Andrew Rannells တို့ကလည်း အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။

- Advertisement -

Ryan Murphy ဟာ The Prom ဇာတ်ကားကို ရိုက်ကူးသူရော၊ ထုတ်လုပ်သူပါဖြစ်ပြီး ထိုဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲတွေမှာ အကောင်းဆုံးသော တေးဂီတဇာတ်ကားကောင်းအဖြစ် ဆန်ကာတင်စာရင်းထဲတွင် ပါဝင်ခဲ့ဖူးပါတယ်။ ထိုဇာတ်ကားရဲ့ ဇာတ်ညွှန်းအပိုင်းကို တာဝန်ယူထားတဲ့သူတွေကတော့ တေးဂီတဇာတ်ကားကောင်းတွေရဲ့ ဇာတ်ညွှန်းတွေကို ရေးပေးခဲ့ဖူးတဲ့ Bob Martin နဲ့ Chad Beguelin တို့ပဲဖြစ်ပါတယ်။

- Advertisement -

ဇာတ်ကားထွက်ရှိမယ့်ရက်ကိုတော့ အတိအလင်း ကြေငြာထားခြင်းမရှိပါဘူး။ သေချာတာတစ်ခုကတော့ ဒီဇင်ဘာလလောက်မှာ ဇာတ်ကားကိုထုတ်လုပ်ပြီး ၂၀၂၀ ခုနှစ်လောက်မှာတော့ Netflix မှာ ကြည့်ရှုခွင့်ရမှာပဲဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က Deadlines သတင်းဌာနကို ပြောပြအသိပေးခဲ့ပါတယ်။

- Advertisement -

အသံပါဝါကောင်းတဲ့အပြင် ချစ်စရာသေးသေးကွေးကွေးလေးဖြစ်တဲ့ Ariana ရဲ့ သီဆိုဟန် သရုပ်ဆောင်ဟန်လေးတွေကို ကြည့်ရှုဖို့အတွက် သူမရဲ့ အမာခံပရိသတ်တွေကတော့ ယခုထဲကအဆင်သင့်ဖြစ်နေကြပါပြီ။

<Unicode Version>

 

Ryan Murphy ရဲ႕ The Prom ဇာတ္ကားထဲမွာ ေတြ႕ျမင္ရေတာ့မယ့္ Ariana Grande

Netflix မွာ ထုတ္လႊင့္ျပသတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြရဲ႕ အသည္းစြဲ ဇာတ္လမ္းတြဲျဖစ္တဲ့ Musical ဇာတ္လမ္းတြဲေတြကို Ryan Murphy က ထုတ္လုပ္႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။

ဂၽြန္လ ၂၅ ရက္ေန႔မွာေတာ့ Ariana Grande ဟာ Ryan Murphy ရဲ႕ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Prom ဇာတ္ကားရဲ႕အဆက္ ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္မယ္ဆိုတဲ့သတင္း ထြက္ရွိလာတာပဲျဖစ္ပါတယ္။ Ariana ဟာ ဒီဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္႐ံုသာမက ဇာတ္ဝင္ေတးသီခ်င္းေတြကိုလည္း ကိုယ္တိုင္ေရးဖြဲ႔ သီဆိုသြားမွာျဖစ္တယ္လို႔ သိရွိရပါတယ္။ ထိုဇာတ္ကားထဲမွာ Awkwafina ၊ Keegan-Michael Key နဲ႔ Andrew Rannells တုိ႔ကလည္း အဓိကဇာတ္ေဆာင္မ်ားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ၾကမွာပဲျဖစ္ပါတယ္။

Ryan Murphy ဟာ The Prom ဇာတ္ကားကို ႐ိုက္ကူးသူေရာ၊ ထုတ္လုပ္သူပါျဖစ္ၿပီး ထိုဇာတ္ကားဟာ ႐ုပ္ရွင္ဆုေပးပြဲေတြမွာ အေကာင္းဆံုးေသာ  ေတးဂီတဇာတ္ကားေကာင္းအျဖစ္ ဆန္ကာတင္စာရင္းထဲတြင္ ပါဝင္ခဲ့ဖူးပါတယ္။ ထိုဇာတ္ကားရဲ႕ ဇာတ္ညႊန္းအပိုင္းကို တာဝန္ယူထားတဲ့သူေတြကေတာ့ ေတးဂီတဇာတ္ကားေကာင္းေတြရဲ႕ ဇာတ္ညႊန္းေတြကို  ေရးေပးခဲ့ဖူးတဲ့ Bob Martin နဲ႔ Chad Beguelin တို႔ပဲျဖစ္ပါတယ္။

ဇာတ္ကားထြက္ရွိမယ့္ရက္ကိုေတာ့ အတိအလင္း ေၾကျငာထားျခင္းမရွိပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ ဒီဇင္ဘာလေလာက္မွာ ဇာတ္ကားကိုထုတ္လုပ္ၿပီး ၂၀၂၀ ခုႏွစ္ေလာက္မွာေတာ့ Netflix မွာ ၾကည့္႐ႈခြင့္ရမွာပဲျဖစ္တယ္လို႔  ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္က Deadlines သတင္းဌာနကို  ေျပာျပအသိေပးခဲ့ပါတယ္။

အသံပါဝါေကာင္းတဲ့အျပင္ ခ်စ္စရာေသးေသးေကြးေကြးေလးျဖစ္တဲ့ Ariana ရဲ႕ သီဆိုဟန္ သ႐ုပ္ေဆာင္ဟန္ေလးေတြကို ၾကည့္႐ႈဖို႔အတြက္ သူမရဲ႕ အမာခံပရိသတ္ေတြကေတာ့ ယခုထဲကအဆင္သင့္ျဖစ္ေနၾကပါၿပီ။

<Zawgyi Version>

 

 

Source ~ Teenvogue

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read