HomeEntertainmentရန်ပွဲတစ်ခုမှာ ပါဝင်မိခဲ့တဲ့ Cardi B တစ်ယောက် တရားရင်ဆိုင်နေရ။

ရန်ပွဲတစ်ခုမှာ ပါဝင်မိခဲ့တဲ့ Cardi B တစ်ယောက် တရားရင်ဆိုင်နေရ။

- Advertisement -

အသက် ၂၆ နှစ်အရွယ် Grammy ဆုရှင် Rapper Cardi B ဟာ လွန်ခဲ့တဲ့နှစ်က နယူးယောက်နိုင်ငံက ဝတ်လစ်စားလစ်ကပြဖျော်ဖြေတဲ့ Angels Strip ကလပ်တစ်ခုမှာ စားပွဲထိုးတစ်ယောက်နဲ့  ပြဿနာတက်ခဲ့တာပဲဖြစ်ပါတယ်။ ထိုပြဿနာနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ Cardi တစ်ယောက် တရားခွင်ကိုတက်ရောက်လာတဲ့ ဖက်ရှင်ဒီဇိုင်းကတော့ အလန်းစားပါပဲနော်။ သူမကိုကြည့်လိုက်မယ်ဆိုရင် သူမဟာ အပြစ်မရှိကြောင်း အခိုင်အမာပြောဆိုဖို့ ယုံကြည်မှု အပြည့်အဝရှိနေတဲ့ပုံပါပဲ။

ရဲအရာရှိကြီးရဲ့အဆိုအရ Cardi နဲ့ သူမရဲ့ အပေါင်းအပါတို့ဟာ စားပွဲထိုးတစ်ယောက်နဲ့ စကားများပြဿနာတက်ရာကနေ နောက်ဆုံးမှာတော့ ခုံတွေ ပုလင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပစ်ပေါက်သည်အထိ ရန်ပွဲကြီးမားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ထိုကလပ်ထဲက စားပွဲထိုးနဲ့  အခြားဝန်ထမ်းတစ်ယောက်ကလည်း ဒဏ်ရာရသွားတာဖြစ်တဲ့အတွက် Cardi ဟာ ယခုအချိန်မှာ တရားရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

- Advertisement -

ဘာကြောင့်များ ဒီလိုပြဿနာမျိုးဖြစ်ခဲ့ရတာလည်းဆိုတာနဲ့ ပတ်သက်ပြီးတော့ Cardi B ကိုယ်တိုင်ကလည်း မပြောပြခဲ့သလို တရားလိုတွေကဘက်ကလည်း လူအများသိအောင် ထုတ်ဖော်ပြောပြခြင်းမရှိခဲ့ပါဘူး။

 

- Advertisement -

Source ~ Mirror

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 + eighteen =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...