HomeSportကလေးထိန်းဖြစ်သူအား လုပ်အားခပေးရန် ပျက်ကွက်ခဲ့သဖြင့် တရားရင်ဆိုင်နေရတဲ့ မန်စီးတီးစတား Riyad Mahrez

ကလေးထိန်းဖြစ်သူအား လုပ်အားခပေးရန် ပျက်ကွက်ခဲ့သဖြင့် တရားရင်ဆိုင်နေရတဲ့ မန်စီးတီးစတား Riyad Mahrez

- Advertisement -

မန်စီးတီး ကစားသမားတစ်ဦးဖြစ်သူ Riyad Mahrez နဲ့ သူ့ရဲ့ဇနီးတို့ဟာ သူတို့ရဲ့ကလေးထိန်းကို လုပ်အားခပေးဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် တရားရင်ဆိုင်နေရပါတယ်။ Riyad မှ သူ့အနေနဲ့ ကလေးထိန်းဖြစ်သူ Catalina  ကို လုပ်အားခအဖြစ် ပေါင် ၁၀၀၀ ကျော်  ပေးဆောင်ခဲ့တယ်လို့  ပြောကြားခဲ့ပေမယ့်လည်း Catalina ဖက်မှ တစ်ပြားမှ ရရှိခဲ့ခြင်းမရှိတဲ့အကြောင်းကို ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

The Sun သတင်းစားရဲ့ ဖော်ပြချက်အရ တစ်ပတ်လုပ်အားခ ပေါင်ငွေ ၂၀၀၀၀၀ အထိ ရရှိတဲ့ မန်စီးတီးစတား Riyad နဲ့ သူ့ရဲ့ဇနီး Rita တို့ဟာ ကလေးထိန်း Catalina ရဲ့ လုပ်အားခထဲမှ တရားမဝင် အကြောင်းပြချက်တွေနဲ့ လုပ်အားခဖြတ်တောက်ခဲ့တယ်ဆိုပြီး သိရှိရပါတယ်။ Riyad မှ လက်စတာစီးတီးအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့အချိန်ကစပြီး Catalina မှ တစ်နာရီ လုပ်အားခ (၁၂) ပေါင်နှုန်းနဲ့ ကလေးထိန်းအဖြစ် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ တောင်ပံကစားသမား Riyad မှာ ၂၀၁၈ ခုနှစ်မှ စတင်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ မန်စီးတီးအသင်းတွင် ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

- Advertisement -

အလုပ်သမားရှာဖွေရေးဌာနမှ ရှေ့နေတစ်ဦးဖြစ်တဲ့ John Sherratt မှ အယ်လ်ဂျေးရီးယားနိုင်ငံသား၊ မန်စီးတီးကြယ်ပွင့် Riyad ကို (၃၆၁၂) ပေါင် ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ခဲ့ပါတယ်။ Riyad တို့စုံတွဲမှလည်း ကလေးထိန်း Catalina ကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် ပေါင်ငွေ (၁၅၀) ကို လျော်ကြေးအဖြစ် ပြန်လည်တောင်းဆိုခဲ့ပါတယ်။

- Advertisement -

Catalina မှ “ ကျွန်မအနေနဲ့ သူတို့အတွက် အကောင်းဆုံး အလုပ်လုပ်ပေးခဲ့ပေမယ့်လည်း ကျွန်မရစရာရှိတဲ့ လုပ်အားခကို သူတို့ဖက်က ပေးခဲ့ခြင်းမရှိပါဘူး။ ကျွန်မအနေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားမရဖြစ်ခဲ့ပါတယ်။ ကျွန်မအလုပ်နဲ့ပက်သက်ပြီးတော့လည်း ဘယ်သောအခါမှ ပြသာနာတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အပြည့်အဝလုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ကျွန်မရဲ့လုပ်အားခကိုလည်း အပြည့်အဝပေးသင့်တယ်လို့ ထင်ပါတယ် . . . ” ဆိုပြီး The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

- Advertisement -

ဆက်လက်ပြီး သူမကပဲ “ Riyad ဟာ တစ်ပတ်ကို ပေါင် ၂၀၀၀၀၀ ဝင်ငွေရရှိနေသူ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သူ့ကို နာမည်ပျက်အောင် ပြုလုပ်ဖို့ ဆန္ဒမရှိပါဘူး။ ကျွန်မရဲ့ လုပ်အားခကို လိုချင်လို့သာ အခုလို တိုင်ကြားခဲ့ရခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မသိလိုက်ရတာက သူဟာ အလွန်တရာမှ နှမြောတွန့်တိုသူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ . . . ” ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

Source ~ CNN

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read