HomeSportအပန်းဖြေခရီးထွက်ရင်း ဟိုတယ်ဝန်ထမ်းများကို ရက်ရက်ရောရော မုန့်ဖိုးပေးခဲ့သည့်ရော်နယ်ဒို။

အပန်းဖြေခရီးထွက်ရင်း ဟိုတယ်ဝန်ထမ်းများကို ရက်ရက်ရောရော မုန့်ဖိုးပေးခဲ့သည့်ရော်နယ်ဒို။

- Advertisement -

ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူးဖြစ်သူရော်နယ်ဒိုသည် မိသားစုနဲ့အတူ နွေရာသီအားလပ်ရက်အဖြစ် ဂရိနိုင်ငံသို့ အပန်းဖြေခရီးထွက်ခဲ့ပြီး တစ်ညတာအတွက် ပေါင် (၇) ထောင်ကုန်ကျသည့် ဟိုတယ်အခန်းတွင် ငှားရမ်းနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟိုတယ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ အသုံးစရိတ်က ဒီမျှနဲ့ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ပါပါရာဇီများရဲ့ ဘေးရန်မှအပြည့်အဝ ကာကွယ်ပေးခဲ့သည့် ဟိုတယ်ဝန်ထမ်းများကို မုန့်ဖိုး ပေါင် (၁၈,၀၀၀) အထိ ပေးခဲ့ကြောင်းသိရှိရပါတယ်။

https://www.instagram.com/p/BzEB_TWAx0t/?utm_source=ig_embed

- Advertisement -

ရော်နယ်ဒိုဟာ သူ့ရဲ့ချစ်သူဖြစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်အပါအဝင် ရင်သွေးလေးယောက်နဲ့ အတူ ကြယ်ငါးပွင့်အဆင့်ရှိသည့် Westin Resort ၌ အနားယူအပန်းဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါနေရာကို လာရောက်အပန်းဖြေခြင်းက ရော်နယ်ဒိုအတွက် နှစ်နှစ်ဆက်တိုက်ဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီတုန်းက ယခုနေရာကို လာရောက်အပန်းဖြေစဉ်ကလည်း ရော်နယ်ဒိုအနေနဲ့ ပေါင် (၁၇,၀၀၀) ကျော်ကို ဟိုတယ်ဝန်ထမ်းများအတွက် မုန့်ဖိုးပေးခဲ့သေးကြောင်း သိရှိရပါတယ်။

- Advertisement -

https://www.instagram.com/p/Byzf6imgA6u/?utm_source=ig_embed

- Advertisement -

ရော်နယ်ဒိုက သူ့မိသားစုနဲ့အတူ အပန်းဖြေနေသည့်ပုံရိပ်များကို မည်သည့်သတင်းစာနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာမှ တွေ့ရှိခဲ့ရခြင်းမရှိသည့်နောက် ယခုလိုပဲ ဟိုတယ်ဝန်ထမ်းများကို အပိုဆုကြေးများ ရက်ရက်ရောရောပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါ Resort ၌ Inoian ပင်လယ်ရဲ့ လှပသည့်မြင်ကွင်းကို ခံစားနိုင်ပြီး ကိုယ်ပိုင်ရေကူးကန်များနဲ့ ဂေါက်ဖ်ကွင်းများလည်း ပါဝင်ကြောင်း သိရှိရပါတယ်။  ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ နှစ်ယောက်ထံ၌ အသက် (၉) နှစ်အရွယ် ရော်နယ်ဒိုဂျူနီယာ၊ မာရီယာနဲ့ မက်တီယို အမြွှာနှစ်ယောက်၊ အယ်လာနာဆိုသည့် ရင်သွေးလေးယောက်ရှိပြီး ရော်နယ်ဒိုအနေနဲ့ အဆိုပါခရီးစဉ်၌ ဘတ်စကတ်ဘောလောကရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်သူ မိုက်ကယ်ဂျော်ဒန်နဲ့ တွေ့ဆုံခဲ့သည့် ပုံရိပ်များကိုလည်း သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့သေးကြောင်း သိရှိရပါတယ်။

https://www.instagram.com/p/BzEbfqzADcN/?utm_source=ig_embed

 

Source ~ Unilad

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read