HomeEntertainmentKeanu Reeves အတွက် လူပေါင်း (၇) သောင်းခန့်က လက်မှတ်ထိုးပြီး အသနားခံလွှာတင်ခဲ့။

Keanu Reeves အတွက် လူပေါင်း (၇) သောင်းခန့်က လက်မှတ်ထိုးပြီး အသနားခံလွှာတင်ခဲ့။

- Advertisement -

အသက် (၅၄) နှစ်အရွယ် ဝါရင့်သရုပ်ဆောင်ကြီး Keanu Reeves သည် John Wick 3 ဇာတ်ကား၌ ပြောင်မြောက်စွာသရုပ်ဆောင်ခဲ့ပြီး ဟာသညဏ်ရွှင်တဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဝေဖန်သူများကပင် Kenau Reeves ရဲ့ Toy Story 4 မှ စတန့်သရုပ်ဆောင် Duke Caboom ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်မှုအပေါ် ချီးကျူးပြောကြားမှုများပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန်၌မူ သူ့ရဲ့ ပရိသတ်များက Change.org မှ တစ်ဆင့် Keanu ကို Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာသြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ပေးရန် ဝိုင်းဝန်းတောင်းဆိုလျက်ရှိကြောင်း သိရှိရပါတယ်။

အဆိုပါအစီအစဉ်ကို Jackson Beem ဆိုသည့် ပုဂ္ဂိုလ်မှစတင်ခဲ့ခြင်းဖြစ်ပြီး မာ့ခ်ဇူကာဘတ်၊ အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီးတို့သည်လည်း Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာသြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များအဖြစ်  ရွေးချယ်ခြင်းခံခဲ့ရဖူးပါတယ်။ ယခုအစီအစဉ်ကို စတင်ခဲ့သည့် Jackson က Keanu ကို ကာယ၊ ဥစ္စာ၊ စာရိတ္တ အစစအရာရာနဲ့ ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ပရဟိတလုပ်ငန်းများ ကလေးဆေးရုံများနဲ့ အခြားသော အကူအညီလိုအပ်သည့်နေရာများ၌ ကူညီခဲ့ခြင်းများနဲ့ပတ်သက်ပြီး ချီးကျူးမှုများ ပြုလုပ်ခဲ့ပါတယ်။

- Advertisement -

- Advertisement -

အဆိုပါအစီအစဉ်အတွက် လက်ရှိအချိန်၌ ပရိသတ်ပေါင်း (၇) သောင်းကျော်က လက်မှတ်ထိုးပြီး Keanu Reeves ကို Times မဂ္ဂဇင်းရဲ့ တစ်နှစ်တာသြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ပေးရန် အသနားခံခဲ့ကြပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ပရိသတ်တစ်ဦးကလည်း “လူသားတစ်ယောက်ရဲ့ တန်ဖိုးကိုပြသခဲ့တဲ့အတွက် သူက ဒီဆုနဲ့ ထိုက်တန်ပါတယ်။ သူဟာ ကမ္ဘာကြီးအတွက် နတ်သားတစ်ပါးဖြစ်ပြီး လူပေါင်းများစွာရဲ့အသည်းနှလုံးကိုလည်း လှုပ်ကိုင်နိုင်ခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြည့်ရင်လည်း သူက ကိုယ့်ကိုကိုယ်နှိမ့်ချပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေ​တ္တာကို ရရှိထားပါတယ်။” ဟု မှတ်ချက်ပြုခဲ့ပါတယ်။

အခြားသောပရိသတ်တစ်ဦးကလည်း “Kenu Reeves က အံ့အားသင့်ဖွယ်ကောင်းတဲ့ လူသားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အားလုံးအတုယူသင့်တဲ့လူတစ်ယောက်ပါ။ ကျွန်တော့်ကိုအခုလို စိတ်အားထက်သန်မှုတွေ ပေးတဲ့အတွက် Keanu Reeves ကို ကျေးဇူးတင်ပြီး ကျွန်တော်တို့ကို အခုလိုလူသားဆန်မှုတွေ ရှိနေသေးတာကိုမြင်တွေ့ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။” ဟု မှတ်ချက်ပြု ပြောကြားမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

 

Source ~ Unilad

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine + 20 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...