HomeEntertainmentစိတ်ရောဂါဝေဒနာကို ခံစားခဲ့ရသည့် နာမည်ကျော်အနုပညာရှင်များ။

စိတ်ရောဂါဝေဒနာကို ခံစားခဲ့ရသည့် နာမည်ကျော်အနုပညာရှင်များ။

- Advertisement -

၁။ Billie Eilish

၂၀၂၀ ခုနှစ်၌ ထုတ်လွှင့်ခဲ့သည့် Seize the Awkward အစီအစဉ်၌ Billie က သူမရဲ့ ပရိသတ်များကို “အကူအညီတောင်းဖို့အတွက် အားမနာကြပါနဲ့။ နောက်ပြီး စိတ်ကျရောဂါခံစားနေရတဲ့ သူငယ်ချင်းတွေကိုလည်း စိတ်ရောဂါဆရာဝန်နဲ့ သွားရောက်ပြသဖို့အတွက် တိုက်တွန်းပါ။ ဒီအရာတွေက တစ်စုံတစ်ယောက်ဆီက အကူအညီတောင်းခံဖို့အတွက် အားနည်းချက်လည်း မဟုတ်ပါဘူး။ ရှင်တို့အနေနဲ့ ဘယ်သူ့ကိုမဆို အကူအညီတောင်းခံနိုင်ပြီး လူတိုင်းက လိုအပ်လာပြီဆိုရင် ကူညီကြမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

၂။ Maisie Williams

Game of Thrones ရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ Maisie Williams ကလည်း စိတ်ပိုင်းဆိုင်ရာအားနည်းမှုများနဲ့ ရင်ဆိုင်ခဲ့ရပုံကို ၂၀၂၀ ခုနှစ် မေလအတွင်းက “Happy Place” ဆိုတဲ့ အစီအစဉ်တစ်ခု၌ ပြောကြားသွားခဲ့ပါတယ်။ Maisie က “ပြီးခဲ့တဲ့နှစ်က ကျွန်မရဲ့ ကိုယ်ပိုင်ဘဝမှာ ပြောင်းလဲမှုတွေ အများကြီး ဖြတ်သန်းခဲ့ရတယ်လို့ထင်ပြီး အရာအားလုံး အဆင်ပြေနေသလို ဟန်ဆောင်ရတာကို ကျွန်မ မပျော်မရွှင်ဖြစ်လာရပါတယ်။ အဲ့ဒီနောက် အနားယူနိုင်ဖို့ အများကြီးကြိုးစားခဲ့ရပြီး ဒါတွေအကုန်လုံးကို ပစ်ချထားနိုင်ခဲ့ပြီဆိုရင် အရမ်းကို ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အခုချိန်အထိကို ကျွန်မအိပ်ရာထဲမှာ ည (၁၁) နာရီလောက်အထိ လှဲနေရင်းနဲ့ ကျွန်မကို ကျွန်မ မုန်းတီးတဲ့အကြောင်းတွေကို ပြောဆိုနေမိတုန်းပါ။ တစ်ခါတလေတော့ ကျွန်မတို့လည်း ဟန်ဆောင်မှုတွေကို ပစ်ချပြီး ကိုယ့်ရဲ့ပုံစံအမှန်အတိုင်းပဲ နေကြတာပေါ့။ ဒါကပထမအဆင့် ခြေလှမ်းဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

 

၃။ Bebe Rexha

ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်း၌ပါဝင်ခဲ့သည့် Bebe Rexha ကလည်း သူမရဲ့ တွစ်တာအကောင့်မှတစ်ဆင့် သူမကိုယ်သူမ အစွန်းရောက်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ Bebe Rexha က “အချိန်ကာလအတော်ကြာ ကျွန်မကိုယ် ကျွန်မ နားမလည်နိုင်ခဲ့ပါဘူး။ ကျွန်မက အိမ်ထဲကနေ ဘယ်ကိုမှမသွားချင်ဘူး။ လူတွေကိုလည်း ဘေးနားမရှိစေချင်ဘူး။ ကျွန်မအရမ်းကို စိတ်ဓာတ်တက်ကြွနေတယ်ဆိုရင်လည်း လုံးဝမအိပ်ဘဲအလုပ်လုပ်တယ်။ သီချင်းတွေဖန်တီးတယ်။ အခုတော့ ကျွန်မ ဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိလိုက်ရပါပြီ။ ကျွန်မဟာ ကိစ္စတိုင်းလိုလိုမှာ အစွန်းရောက်လွန်းတတ်ပြီး ဒါကိစ္စကို ထုတ်ပြောဖို့လည်း ရှက်မနေတော့ပါဘူး။” ဟု ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

 

- Advertisement -

၄။ Sophie Turner

Game of Thrones ဇာတ်ကားရဲ့ မင်းသမီးတစ်ဦးဖြစ်သည့် Sophie Turner ကလည်း ၂၀၂၀ ခုနှစ် ၊ မတ်လအတွင်းက ပြုလုပ်ခဲ့သည့် Rolling Stone နဲ့ အင်တာဗျူး၌ “စိတ်ကျရောဂါဖြစ်တာ သေချာခဲ့ပြီး စိုးရိမ်ကြောင့်ကြမှုတွေလည်း အားလုံးဖြစ်ခဲ့ပါတယ်။ အခုချိန်အထိလည်း ဒီလိုတွေ ဖြစ်နေပေမယ့် ကျွန်မဆေးကုသမှု ခံယူနေတာကြောင့် အရင်ထက်ပိုနေလို့ ကောင်းလာပါတယ်။ တစ်စုံတစ်ယောက်ကို ဒီအကြောင်းပြောပြလိုက်တာက ကျွန်မရဲ့ဘဝကို ပြောင်းလဲစေပါတယ်။” ဟုဖွင့်ဟဝန်ခံခဲ့ပါတယ်။

 

၅။ Justin Bieber

ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်၌ နယ်လှည့်ဖျော်ဖြေပွဲများ လိုက်လံဖျော်ဖြေနေစဉ်တည်းက စိတ်ကျရောဂါခံစားခဲ့ရကြောင်း ဝန်ခံခဲ့ပြီး နောက်ပိုင်းတွင်မူ Justin Bieber အနေနဲ့ ဆရာဝန်အများအပြားထံမှာ ပြသနေရကြောင်း အတွင်းသတင်းများအရ သိရှိရပါတယ်။ “Justin Bieber က စိတ်ရောဂါကုဆရာဝန်နဲ့ တွေ့ဆုံခဲ့ပေမယ့် အထူးတလည်ဆေးကုသမှုခံတာမျိုးမရှိပါဘူး။ သူကိုယ်တိုင်ကလည်း ဆေးအပေါ်မမှီခိုလိုတာကြောင့်ပါ။ နိမ့်မြင့်တက်ကျတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ကျတာတွေ၊ နောက်ပြီး အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာဖြစ်တာမျိုးတွေကို သူခံစားခဲ့ရပါတယ်။” ဟု အတွင်းလူတစ်ဦးက US Weekly ကို ပြောကြားခဲ့ပါတယ်။

<Unicode Version>

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...