HomeSportအီကာဒီနဲ့လူကာကူတို့ နှစ်ဦးကိုအလဲအထပ် ပြုလုပ်ရန်ကမ်းလှမ်းလိုက်သည့် ယူနိုက်တက်အသင်း။

အီကာဒီနဲ့လူကာကူတို့ နှစ်ဦးကိုအလဲအထပ် ပြုလုပ်ရန်ကမ်းလှမ်းလိုက်သည့် ယူနိုက်တက်အသင်း။

- Advertisement -

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသည် အင်တာမီလန်အသင်းကို  ပြောင်းရွှေ့ရန်စိတ်ဝင်စားနေသည့် လူကာကူနဲ့ အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး အီကာဒီိတို့နှစ်ဦးကို အလဲအထပ်ပြုလုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်၌ အင်တာမီလန်အသင်းကို ကိုင်တွယ်လျက်ရှိသည့် နည်းပြကွန်တီသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သည့် လူကာကူကို ခေါ်ယူပေးရန် အင်တာမီလန်အသင်းကို တောင်းဆိုထားပေမယ့် အင်တာမီလန်အသင်းကမူ ယူနိုက်တက်အသင်း တောင်းဆိုသည့် ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းဆိုသည့် ပမာဏကို ပေးချေရန် တွန့်ဆုတ်နေခြင်း ဖြစ်ပါတယ်။

အင်တာမီလန်အသင်းသည် လူကာကူအတွက် ပြောင်းရွှေ့ကြေးအပါအဝင် ပါရီဆစ် ဒါမှမဟုတ် အခြားသော ကစားသမားတစ်ဦးဦးဖြင့် အလိုက်ပေးကမ်းလှမ်းရန် ဆန္ဒရှိနေပေမယ့် ယူနိုက်တက်အသင်းကမူ လူကာကူအတွက် သူတို့အနေနဲ့ အဲဗာတန်အသင်းမှခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် (၇၅) သန်းထက်မနည်းသော ပမာဏနဲ့သာ ပြန်လည်ရောင်းချရန် ဆန္ဒရှိနေရာ အင်တာမီလန်အသင်းအနေနဲ့ လူကာကူကို ခေါ်ယူနိုင်ရန်အတွက် အခက်အခဲများနဲ့ ရင်ဆိုင်နေရခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်၌မူ အင်တာမီလန်အသင်းအနေနဲ့ အသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေသည့် အဓိကအသင်းခေါင်းဆောင် တိုက်စစ်မှူးအီကာဒီကို ရောင်းချရန်ပြင်ဆင်နေပြီး ယူနိုက်တက်အသင်းဘက်ကလည်း လူကာကူရဲ့ အပြောင်းအရွှေ့အတွက် အီကာဒီနဲ့ တိုက်ရိုက်အလဲအထပ်ပြုလုပ်ရန် တောင်းဆိုလာဖွယ်ရှိကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။

အီကာဒီသည် အင်တာမီလန်အသင်းအတွက် ကစားပေးခဲ့သည့် ဘောလုံးရာသီ (၆) ရာသီ၌ အသင်းအတွက် လိဂ်သွင်းဂိုး (၁၁၁) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အထူးခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း၌ အသင်းနဲ့စာချုပ်သစ်ကိစ္စဆွေးနွေးရင်း အဆင်မပြေမှုများဖြစ်ပွါးခဲ့ပြီးနောက် အင်တာမီလန်အသင်းက အီကာဒီကို အသင်းခေါင်းဆောင်လက်ပတ်ရုပ်သိမ်းခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းရဲ့ ကစားသမားစာရင်းမှလည်း ချန်လှပ်ခဲ့ပြီး လက်ရှိအချိန်၌မူ အီကာဒီကိုအသင်းမှ ထွက်ခွာခွင့်ပြုရန် စီစဉ်နေခြင်းလည်း ဖြစ်ပါတယ်။

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − 5 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...