မှားယွင်းတဲ့ အစီအစဉ်လို့ပဲ ပြောရမလိုဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရက်အချို့က မင်းသမီးကြီး Halle မှ သူမရဲ့နေအိမ်ကို အပိုင်စီးရန်ကြိုးစားခဲ့တဲ့အမျိုးသားတစ်ဦးကို တရားစွဲဆိုခဲ့ပါတယ်။
Los Angeles ရဲဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ Ronald Eugene Griffin လို့အမည်ရတဲ့ အမျိုးသားတစ်ဦးကို စာရွက်စာတမ်း အတုအယောင်ပြုလုပ်မှုနဲ့ လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းမှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက Griffin ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အသက် ၅၁ နှစ်အရွယ်ရှိ မင်းသမီးကြီး Halle ရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်လျက်ရှိတဲ့အကြောင်းကို တိုင်ကြားတဲ့ဖုန်း Call တစ်ခုကို သူမရဲ့ ဝန်ထမ်းတစ်ဦးထံမှ လက်ခံရရှိခဲ့ပြီးနောက် စတင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။
ထို့နောက် အော်စကာဆုရ မင်းသမီး Halle မှ သူမအနေနဲ့ Griffin ဆိုသူကို မသိရှိတဲ့အကြောင်း၊ နောက်ပြီး သူမရဲ့နေအိမ်ကို Griffin ထံသို့ လွှဲပြောင်းရောင်းချခဲ့ခြင်းမျိုးလည်း မရှိကြောင်းကို တာဝန်ရှိသူများထံသို့ ရှင်းပြခဲ့ပါတယ်။ Griffin ဆိုသူမှာ သူ့ရဲ့ သဘောအတိုင်း ပိုင်ဆိုင်မှုစာရွက်စာတမ်း အတုပြုလုပ်၍ ကျူးကျော်နေထိုင်ခြင်းသာဖြစ်တဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။
Griffin ဆိုတဲ့ အမျိုးသားဟာ Halle ရဲ့ နေအိမ်ကို အပိုင်စီးနိုင်ဖို့အတွက် ဇန်နဝါရီလကတည်းက စတင်ကြိုးစားခဲ့ခြင်းဖြစ်ပြီး သူ့အနေနဲ့ အဆိုပါ နေအိမ်ရဲ့ပိုင်ရှင်မှာ Halle Berry ဖြစ်ကြောင်းကို သိရှိခဲ့ခြင်းမရှိဘူးဆိုပြီး TMZ သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
<Unicode Version>
John Wick Chapter – 3 ဇာတ္ကားထဲမွ မင္းသမီးႀကီး Halle Berry ရဲ႕ ေနအိမ္ကို အပိုင္စီးရန္ ႀကိဳးစားခ့ဲတ့ဲ အမ်ိဳးသား။
မွားယြင္းတ့ဲ အစီအစဥ္လို႕ပဲ ေျပာရမလိုျဖစ္ေနပါၿပီ။ ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က မင္းသမီးႀကီး Halle မွ သူမရဲ႕ေနအိမ္ကို အပိုင္စီးရန္ႀကိဳးစားခ့ဲတ့ဲအမ်ိဳးသားတစ္ဦးကို တရားစြဲဆိုခ့ဲပါတယ္။
Los Angeles ရဲဌာနရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ Ronald Eugene Griffin လို႕အမည္ရတ့ဲ အမ်ိဳးသားတစ္ဦးကို စာရြက္စာတမ္း အတုအေယာင္ျပဳလုပ္မႈနဲ႕ လိမ္လည္လွည့္ျဖားရန္ ႀကိဳးပမ္းမႈတို႕ျဖင့္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္းထုတ္ျပန္ခ့ဲပါတယ္။ ၿပီးခ့ဲတ့ဲ မတ္လတုန္းက Griffin ဆိုတ့ဲ အမ်ိဳးသားတစ္ဦးဟာ အသက္ ၅၁ ႏွစ္အရြယ္ရွိ မင္းသမီးႀကီး Halle ရဲ႕ ေနအိမ္ကို က်ဴးေက်ာ္ဝင္ေရာက္လ်က္ရွိတ့ဲအေၾကာင္းကို တိုင္ၾကားတ့ဲဖုန္း Call တစ္ခုကို သူမရဲ႕ ဝန္ထမ္းတစ္ဦးထံမွ လက္ခံရရွိခ့ဲၿပီးေနာက္ စတင္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခ့ဲတယ္လို႕ ဆက္လက္ေဖာ္ျပခ့ဲပါတယ္။
ထို႕ေနာက္ ေအာ္စကာဆုရ မင္းသမီး Halle မွ သူမအေနနဲ႕ Griffin ဆိုသူကို မသိရွိတ့ဲအေၾကာင္း၊ ေနာက္ၿပီး သူမရဲ႕ေနအိမ္ကို Griffin ထံသို႕ လႊဲေျပာင္းေရာင္းခ်ခ့ဲျခင္းမ်ိဳးလည္း မရွိေၾကာင္းကို တာဝန္ရွိသူမ်ားထံသို႕ ရွင္းျပခ့ဲပါတယ္။ Griffin ဆိုသူမွာ သူ႕ရဲ႕ သေဘာအတိုင္း ပိုင္ဆိုင္မႈစာရြက္စာတမ္း အတုျပဳလုပ္၍ က်ဴးေက်ာ္ေနထိုင္ျခင္းသာျဖစ္တ့ဲအေၾကာင္းကို ေျပာၾကားခ့ဲပါတယ္။
Griffin ဆိုတ့ဲ အမ်ိဳးသားဟာ Halle ရဲ႕ ေနအိမ္ကို အပိုင္စီးႏိုင္ဖို႕အတြက္ ဇန္နဝါရီလကတည္းက စတင္ႀကိဳးစားခ့ဲျခင္းျဖစ္ၿပီး သူ႕အေနနဲ႕ အဆိုပါ ေနအိမ္ရဲ႕ပိုင္ရွင္မွာ Halle Berry ျဖစ္ေၾကာင္းကို သိရွိခ့ဲျခင္းမရွိဘူးဆိုၿပီး TMZ သတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။
<Zawgyi Version>
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share